ဂယ်လီလီယို အာကာသယာဉ်

အမေရိကန်အာကာသယာဉ် From Wikipedia, the free encyclopedia

ဂယ်လီလီယို အာကာသယာဉ်
Remove ads

ဂယ်လီလီယိုသည် ကြာသပတေးဂြိုဟ်နှင့် ၎င်း၏ဂြိုဟ်ရံလများ၊ ထို့အတူ နေအဖွဲ့အစည်းရှိ အရာဝတ္ထုများကို လေ့လာရန် အမေရိကန်နိုင်ငံမှ စေလွှတ်ခဲ့သော လူမဲ့အာကာသယာဉ်ဖြစ်သည်။ အီတာလျံ နက္ခတ္တဗေဒပညာရှင် ဂယ်လီလီယိုကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး ထိုယာဉ်တွင် လည်ပတ်မည့်ယာဉ်(orbiter)နှင့် အတွင်း ထိုးဆင်းယာဉ်(probe)တို့ ပါဝင်ကြသည်။ ထိုယာဉ်ကို ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အတ္တလန်တစ် အာကာလွန်းပျံယာဉ်မှ STS-34 စီမံကိန်းတွင် သယ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ဂယ်လီလီယိုသည် ကြာသပတေးဂြိုဟ်ပေါ်သို့ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကမ္ဘာနှင့် သောကြာဂြိုဟ်တို့အနီးတွင် gravitational assist ဖြင့် ပျံသန်းပြီး ရောက်ရှိခဲ့သည်။ ဂယ်လီလီယိုသည် ကြာသပတေးဂြိုဟ်၏ ပတ်လမ်းအတွင်း ပထမဆုံးရောက်ရှိခဲ့သော အာကာသယာဉ်ဖြစ်သည်။ ကြာသပတေးဂြိုဟ်အတွင်းသို့ ထိုးဆင်းယာဉ်ကို ဆင်းသတ်စေရှိပြီး ၎င်း၏လေထုကို တိုက်ရိုက်တိုင်းတာခဲ့သည်။

အချက်တိုများ နာမည်, မက်ရှင်အမျိုးအစား ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads