ဂရင်းနစ် စံတော်ချိန်
အနောက်ပိုင်းဥရောပ စံတော်ချိန် From Wikipedia, the free encyclopedia
Remove ads
ကမ္ဘာ၏ တည်နေရာဒေသ သတ်မှတ်မှု လွယ်ကူရန် မြောက်ဝင်ရိုးစွန်းမှ တောင်ဝင်ရိုးစွန်းသို့ ဒေါင်လိုက်မျဉ်းများ မှန်းဆခွဲဝေရာ၌ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အနီး ဂရင်းနစ် အရပ်ဒေသနှင့် အတည့်ဖြတ်မျဉ်းကို သုံညဒီဂရီ အမှတ်ထား၍ အရှေ့အနောက် အသီးသီးသို့ တိုး၍ ရေတွက်လေသည်။ ထိုဒေသ၏ အချိန်ကို ကမ္ဘာ့စံချိန် သတ်မှတ်ပြီး အခြား နိုင်ငံများသည် မိမိတို့နိုင်ငံ နေမွန်းတက်ချိန်ကို မွန်းတည့် ၁၂-နာရီ အမှတ်ထား၍ အချိန်သတ်မှတ်ကြသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အချိန်ချင်း မတူညီသည့်အတွက် ကမ္ဘာ့စံချိန်အဖြစ် ဂရင်းနစ်စံချိန်ကို ယူကာ သက်ဆိုင်ရာနိုင်ငံနှင့် အချိန်ကွာခြားမှုကို တွက်ချက်၍ လျော့ခြင်း၊ ပေါင်းခြင်းပြု၍ မှတ်သားထားကြသည်။ မြန်မာအချိန်သည် ဂရင်းနစ်စံတော်ချိန် ၆-နာရီခွဲ စောသည်။ အယ်လ်ဂျီရီးယား၊ ပေါ်တူဂီ၊ ဂမ်ဘီယာ စသောနိုင်ငံအချို့သည် ဂရင်းနစ်စံတော်ချိန်ကိုပင် လက်ခံကြသည်။[၁]

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
