ဂရုပါဝုရဏသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ကောသလမင်း၏ ကမ္ဗလာကို တောင်းမှု။
အမှုသည်—ထုလ္လနန္ဒာ။ [၁]
ထုလ္လနန္ဒာ
ထုလ္လနန္ဒာသည် (ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့် အတိုင်း) အပြောကောင်း, အဟောကောင်းဖြစ်ရကား ကောသလမဟာရာဇာသည် ဧချမ်းသောအခါဖြစ်၍ အဖိုးတန် ကမ္ဗလာကို ခြုံလျက် ထုလ္လနန္ဒာအထံသို့ ရောက်လာ၏၊ ထုလ္လနန္ဒာသည် ကောသလမဟာရာဇာအား တရားစကားပြောဟော၍ သဘောကျသောကြောင့် “အရှင်မ အလိုရှိတာ ပြောပါ”ဟု ဖိတ်မံလေသည်၊ ထုလ္လနန္ဒာလည်း(အချိန်မဆိုင်းဘဲ) “လှူလိုလျှင် ဒီကမ္ဗလာကို လှူခဲ့ပါလား”ဟု ပြောလေသော် မဟာရာဇာလည်း မရှောင်သာဘဲ ကမ္ဗလာကို လှူခဲ့ရလေသည်။
Remove ads
လူတို့ကဲ့ရဲ့ပုံ
ထိုအကြောင်းကို ကြားသိရသော လူတို့သည် “ဘိက္ခုနီတွေဟာ အလွန်အလို(လောဘ)ကြီးကြသည်, တင်းတိမ်ရောင့်ရဲခြင်း မရှိကြ၊ ဘယ့်နှယ်, မဟာရာဇာကိုတောင် ကမ္ဗလာ အလှူခံကြရ သလဲ”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
သိက္ခာပုဒ်
ဂရုပါဝုရဏံ ပန ဘိက္ခုနီယာ စေတာပေန္တိယာ စတုက္ကံသပရမံ စေတာပေတဗ္ဗံ။ တတော စေ ဥတ္တရိ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။
မြန်မာပြန်
လေးသောခြုံထည် တောင်းသောဘိက္ခုနီသည် အလွန်ဆုံး ၄-ကံသသာ တန်သော ခြုံထည်ကို တောင်းရမည်၊ ထို့ထက်ပို၍ တန်ဘိုးရှိသော ခြုံထည်ကိုတောင်းလျှင် နိဿဂ္ဂိ ပါစိတ် အာပတ် သင့်၏။
မှတ်ချက်
လေးသာ ခြုံထည်ဟူသည် ဧသောအခါ ခြုံဖို့ရာ ခြုံထည်တည်း၊ တကံသသည် ၄-ကျပ်ရှိ၏။ ထို့ကြောင့် ၁၆-ကျပ်တန် ခြုံထည်ကို “စတုက္ကံသ = ၄-ကံသ တန်”ဟု ဆိုသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
