ဂလပ်စဂိုးမြို့

From Wikipedia, the free encyclopedia

ဂလပ်စဂိုးမြို့
Remove ads

ဂလပ်စဂိုးမြို့မှာ စကော့တလန်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်း မြို့ဖြစ်၍ ကလိုက်မြစ်ပေါ်၌တည်ရှိပြီးလျှင် အက်ဒင်ဗာရာမြို့ တော်နှင့် ၄၇ မိုင်ခန့်သာကွာဝေးသည်။ ယခုအခါ ယူနိုက်တက် ကင်းဒမ်းတွင် တတိယမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်သည်။ ဂလပ်စဂိုးမြို့သည် ကျောက်မီးသွေးနှင့် သံထွက်ရာဒေသ များ၏ ဗဟိုတွင် တည်ရှိသည်။ ထို့ကြောင့် သင်္ဘောတည်ခြင်း၊ သံထည်ပစ္စည်းများ ထုတ်လုပ်ခြင်းစသော စက်မှုလက်မှုလုပ်ငန်း များ၌ အလွန်ကြီးကျယ်သည်။ ထို့ပြင် စက်ဖြင့် သိုးမွေးထည်၊ ချည်ထည်များ ရက်လုပ်ခြင်း၊ ဓာတ်ဆေးများချက်ချင်းတို့လည်း ထွန်းကားလေသည်။

Thumb
ဂလပ်စဂိုးမြို့ကို ဘုရင်မပန်းခြံမှ လှမ်းမြင်ရပုံ

မြို့ကို လှပစွာ အကွက်ချ၍ ခေတ်မီအောင် တည်ထား သည်။ စက်ရုံကြီးများနှင့် အလုပ်ရုံကြီးများသည် နေရာအနှံ့ရှိ သဖြင့် မီးခိုးထွက်နေသောခေါင်းတိုင်များ၊ တည်ဆောက်ဆဲ သင်္ဘောကိုယ်ထည်များ၊ ခေတ်မီသင်္ဘောကျင်းတစ်လျှောက်တွင် ဆိုက်ကပ်ထားသော သင်္ဘောများမှ ရွက်တိုင်များသည် မြို့၏ ရှုခင်းတစ်ရပ်ဖြစ်သည်။

တက္ကသိုလ်ကျောင်းတော်ကြီး၊ သုခုမပညာသင်ကျောင်းများ၊ ကောလိပ်များ၊ ပြည်သူ့စာကြည့်တိုက်၊ မြူနီစပယ် အဆောက် အအုံနှင့် စတော့ပွဲရုံကြီးများမှာ မြို့၏ ကျက်သရေဆောင်များ ဖြစ်သည်။ သုခုမပညာပြခန်းကြီးမှာ ကယ်လဗင်ဂရိုခေါ် ပန်းခြံ ကြီးအတွင်းတွင် အနီရောင်သဲကျောက်ဖြင့် ဆောက်လုပ်ထား သော အဆောက်အအုံဖြစ်၍ ဗြိတိသျှကျွန်းစုမှ အလွန် ရှားပါး ကောင်းမွန်သော ပန်းချီကားများကို တွေ့နိုင်လေသည်။

မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၆၂ မိုင်ခန့်ရှိ၍ လူဦး ရေ တစ်သန်းကျော်မျှရှိပြီးလျှင် စက်မှုလက်မှုလုပ်ငန်းတွင် အကြီးအကျယ်ဆုံးဌာနဖြစ်ရုံမျှမက ဗြိတိန်နိုင်ငံ၏သင်္ဘောတည် ဆောက်သည့်လုပ်ငန်းတွင် အချက်အချာမြို့ကြီး ဖြစ်လေသည်။

ထိုမြို့၏ အုပ်ချုပ်ရေးမှာ စံထားလောက်အောင် ကောင်း ကြောင်းဖြင့် ကမ္ဘာအရပ်ရပ်တွင် ကျော်ကြားလေသည်။ မြို့အုပ် ချုပ်ရေးရဲများ၊ ကျန်းမာရေးဌာနများ၊ အိုးအိမ်တည်ဆောက်ရေး များမှာ အလွန်စနစ်ကျနသဖြင့် ကမ္ဘာ့မြို့ကြီးများက နည်းယူ ကြရလေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads