ဂိုလ်းဒီလော့ဇုန်

ရေအရည်အဖြစ်တည်ရှိနေနိုင်သော ဂြိုဟ်များတည်ရှိရာ ကြယ်ဝန်းကျင်ရှိ ဒေသအပိုင်းအခြား From Wikipedia, the free encyclopedia

ဂိုလ်းဒီလော့ဇုန်
Remove ads

သက်ရှိများ ရှင်သန်နိုင်သောဇုန် (Goldilocks Zone) ဆိုသည်မှာ နက္ခတ္တဗေဒတွင် နေနှင့်မနီးလွန်း နေနှင့်မဝေးလွန်းသော ဂြိုဟ်များတည်ရှိရာအရပ်ကို ဆိုလိုသည်။ နေနှင့် အရမ်းနီးကပ်လွန်းပါက အပူချိန်များလွန်းသောကြောင့် သက်ရှိများ မတည်ရှိနိုင်သကဲ့သို့ (ဥပမာ မာကျူရီဂြိုဟ်သည် နေနှင့် နီးကပ်လွန်းသောကြောင့် ဂြိုဟ်မျက်နှာပြင် အပူချိန်မှာ အင်မတန် ပူပြင်းလှသည်။) နေနှင့် အရမ်းဝေးကွာနေပါက အေးလွန်းသောကြောင့် ရေသည် အရည်အဖြစ်သို့ မတည်ရှိနိုင်ပေ။ (ဥပမာ နက်ပကျွန်းဂြိုဟ်ယူရေးနပ်စ်ဂြိုဟ်တို့သည် ရေခဲဂြိုဟ်များ ဖြစ်ကြသည်။) သက်ရှိများ ရှင်သန်နိုင်ရန် ဂြိုဟ်တစ်ခုသည် နေနှင့် မပူလွန်း မအေးလွန်းသောဇုန်အတွင်း တည်ရှိရသည်။ ထိုနေရာတွင် ရေသည် အရည် (liquid) အဖြစ် တည်ရှိရမည်။ ပူလွန်းပါက ရေသည် အငွေ့အဖြစ်သာ တည်ရှိနိုင်ပြီး အေးလွန်းပါကလည်း ရေခဲအဖြစ်သာ တည်ရှိသည်။ ရေသည် liquid အဖြစ်တည်ရှိရန် ဂြိုဟ်တစ်ခု၏ ဒြပ်ဆွဲအားသိပ်သည်းဆတို့သည်လည်း အရေးပါသည်။ ထို့ပြင် သင့်တင့်မျှတသော လေထုဖိအားလည်း တည်ရှိရမည်ဖြစ်သည်။[][] မိမိတို့ နေစကြဝဠာတွင် Goldilocks zone အတွင်း တည်ရှိသောဂြိုဟ်များမှာ ဗီးနပ်စ်ဂြိုဟ်ကမ္ဘာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့ ဖြစ်ကြသည်။ သို့ရာတွင် ဗီးနပ်စ်ဂြိုဟ်သည် ဖန်လုံအိမ်အာနိသင် (Greenhouse effect) များလွန်းသောကြောင့် မျက်နှာပြင်အပူချိန်သည် အင်မတန် ပူပြင်းသွားကာ သင့်တော်မျှတသောဂြိုဟ် (habitable planet) မဖြစ်ခဲ့ချေ။ အချို့လူများ ယုံကြည်သည်မှာ ဗီးနပ်စ်ဂြိုဟ်သည် တချိန်က သက်ရှိများ ရှင်သန်နိုင်သောဂြိုဟ်တစ်စင်း ဖြစ်တန်ခဲ့လိမ့်မည်ဟု ဆိုကြသည်။ အင်္ဂါဂြိုဟ်သည်လည်း နေအဖွဲ့အစည်း စတင်ဖွဲ့တည်စဉ်က habitable planet ဖြစ်ခဲ့သည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် အင်္ဂါဂြိုဟ်သည် နေမှ ၂ AU အကွာတွင် တည်ရှိသောကြောင့် (ကမ္ဘာမှ နေသို့ ၁ AU ဝေးကွာသည်။) အင်္ဂါဂြိုဟ်တွင် နေရောင်ခြည်ရောက်ရှိမှုသည် ကမ္ဘာဂြိုဟ်၏ထက်ဝက်သာ လက်ခံရရှိသည်။ ထို့ကြောင့် ယင်းဂြိုဟ်သည် ကမ္ဘာဂြိုဟ်ထက် အေးစက်သည်။ လုံလောက်သော အပူချိန်ပေးပါက အင်္ဂါဂြိုဟ်သည် ကမ္ဘာကဲ့သို့ သက်ရှိများနေထိုင်နိုင်သောဂြိုဟ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။ ယခုအခါ သိပ္ပံပညာရှင်တို့သည် နေစကြဝဠာအပြင်ဘက်ရှိ Goldilocks zone အတွင်း ကမ္ဘာနှင့်တူသော နေစကြဝဠာပြင်ပဂြိုဟ်များကို ရှာဖွေလျက်ရှိရာ ပြင်ပြဂြိုဟ်အစင်းပေါင်း ထောင်ချီခန့် အတည်ပြုနိုင်ခဲ့ပြီး ဖြစ်သည်။ ထင်ရှားသော ရှာဖွေတွေ့ရှိမှုမှာ ကက်ပလာမက်ရှင်မှ အတည်ပြုထားသော ကမ္ဘာမှ အလင်းနှစ် ၁၁၂ဝ အကွာမှ Kepler-442b ဆိုသောဂြိုဟ်သည် ကြယ်ပုနီအနား လှည့်ပတ်လျက်ရှိသော ကမ္ဘာထက် ၁.၂ ဆကြီးမားသည့် ဂြိုဟ်တစ်စင်းဖြစ်သည်။ ယင်းဂြိုဟ်သည် Goldilocks zone အတွင်းတည်ရှိသောကြောင့် သက်ရှိများ ရှင်သန်နိုင်ဖွယ်ရှိသည်။ Kepler အချက်အလက်အရ နဂါးငွေ့တန်း ဂယ်လက်ဆီမှာတင် နေနှင့်တူသောကြယ်နှင့် ကြယ်ပုနီများအားလှည့်ပတ်နေကြသည့် ကမ္ဘာဂြိုဟ်အရွယ်အစားရှိ ဂြိုဟ်အစင်းပေါင်း ၄၀ ဘီလီယံခန့် ရှိသည်ဟုဆိုသည်။[][]

Thumb
ကမ္ဘာမြေသည် ရေထုအားဖြင့် ၇၁ ရာခိုင်နှုန်းလွှမ်းခြုံထားသည်။
Thumb
စတီလာတောက်ပမှုအား အခြေခံ၍ မတူညီသည့် ကြယ်အမျိုးအစားအား လှည့်ပတ်နေသည့် ဂိုးလ်ဒီလော့ဇုန်အတွင်းရှိသော ဂြိဟ်များအား ဖော်ပြထားပုံ
Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads