ဂုံဘာသာစကား
From Wikipedia, the free encyclopedia
Remove ads
ဂုံဘာသာစကား, သို့မဟုတ် ဂုံရှမ်းဘာသာ (ဂုံ: ᨴᩱ᩠ᨿᨡᩨ᩠ᨶ, /taj˧˧.kʰɯːn˧˨˥/; ရှမ်း: တႆးၶိုၼ် ထိုင်း: ไทเขิน th), သည် ကျိုင်းတုံရှမ်းဘာသာစကားဟု၍လည်းခေါ်သည်။ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့တစ်ဝှက် တွင်ပြောဆိုသောဘာသာစကားဖြစ်သည်။ ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင်လည်း ပြောဆိုသူအနည်းငယ်ရှိသည်။
ဂုံဘာသာစကားမျိုးကွဲများသည် ၉၃%မှ ၁၀၀% တူညီမှုရှိသည်။ဂုံဘာသာစကား အခြားတိုင်ဘာသာစကားများနှင့်လည်း နီးကပ်စွာဆက်စပ်နေသည်။ဂုံဘာသာစကား သည် ထိုင်းမြောက်ပိုင်း ရှိ ယွန်းဘာသာစကားနှင့် ၉၀% မှ ၉၅%၊ လူးဘာသာစကား နှင့် ၉၂% မှ ၉၅%၊ ရှမ်းဘာသာစကားနှင့် ၉၃% မှ ၉၇%၊ ထိုင်းဘာသာစကားနှင့် ၈၀% မှ ၈၃% တူသည်။
ဂုံစာသည် တိုင်သမ်အက္ခရာ အမျိုးအစားကို အသုံးပြု၍ ရိုးရာပုံစံဖြင့် ရေးသားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads