ဂူဂဲဘာသာပြန်
From Wikipedia, the free encyclopedia
Remove ads
မြန်မာဘာသာပြန် သည် အခမဲ့အသုံးပြုနိုင်သည့် ဘာသာစကားများကို အပြန်အလှန်ဘာသာပြန်ပေးသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ဂူဂဲကုမ္ပဏီက ထုတ်လုပ်ထားသည်။ ၎င်းဘာသာပြန်ဝန်ဆောင်မှုကို ဝဘ်ဆိုက်၊ မိုးဘိုင်းတွင် အန်းဒရွိုက်နှင့် iOS တို့တွင် အသုံးပြုနိုင်သည်။ ဖန်တီးသူများအတွက် ဘရောက်ဆာ Extension နှင့် အသုံးချဆော့ဝဲများ တည်ဆောက်ရာတွင် အကူအညီဖြစ်စေရန် API တစ်ခုကိုလည်း ဂူဂဲက ပြုလုပ်ပေးထားသည်။ ၂၀၁၇ ခုနှစ်၊ မေလအထိ ဘာသာစကားပေါင်း (၁၀၀) ကျော်အတွက် ထောက်ပံ့ပေးထားသည်။ ၎င်းကို အသုံးပြုသူ နေ့စဉ် သန်း (၅၀၀) ကျော် ရှိသည်။[၁]
ဂူဂဲဘာသာပြန်သည် အသိဉာဏ်တုနည်းပညာ (AI) ကို အသုံးပြုထားသည့် ဘာသာပြန်ဆော့ဖ်ဝဲ ဝန်ဆောင်မှုတစ်ခုသာဖြစ်သည်။ ၎င်း၏အလုပ်လုပ်ပုံမှာ
- အသုံးပြုသူများက ဘာသာပြန်လိုသည့်စကားလုံးများကို ဂူဂဲဘာသာပြန်ဆော့ဖ်ဝဲကို ပေးသည်
- ဂူဂဲဘာသာပြန်က အဆိုပါစကားလုံးများကို ၎င်း၏ဒေတာဘေ့စ်အတွင်းမှ စကားလုံးများ၊ ဝါကျများနှင့် တိုက်စစ်သည်
- အသင့်လျော်ဆုံး စကားလုံးများ၊ ဝါကျများကို ရွေးထုတ်သည်
- ထို့နောက် စကားလုံးအတိုင်းဖြစ်စေ၊ စကားစုအတိုင်းဖြစ်စေ၊ ဝါကျတစ်ကြောင်းလုံးဖြစ်စေ ဖြတ်တောက်၍ ဘာသာပြန်ပြီး အသုံးပြုသူများကို ပြပေးသည်x
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads