ဂူပြောက်ကြီး (ဝက်ကြီးအင်း)

From Wikipedia, the free encyclopedia

ဂူပြောက်ကြီး (ဝက်ကြီးအင်း)
Remove ads

ဂူပြောက်ကြီး (ဝက်ကြီးအင်း)သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ပုဂံတွင် ဂူပြောက်ကြီး နှစ်ဆူရှိသည်။ ဝက်ကြီးအင်းအရပ်ရှိ ဂူဘုရားကို ဝက်ကြီးအင်းဂူပြောက်ကြီး ဟုခေါ်ကြပြီး မြင်းကပါအရပ်ရှိ ဂူဘုရားကို မြင်းကပါဂူပြောက်ကြီး ဟု ခွဲခြားခေါ်ကြသည်။

  • ပုဂံစေတီပုထိုးအမှတ်မှာ ၂၈၅/၁၉၇−က ဖြစ်သည်။ []
Thumb
ဝက်ကြီးအင်းဂူပြောက်ကြီး

ဝက်ကြီးအင်းဂူပြောက်ကြီးသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ် နှစ်ဆင့် ဂူဘုရားဖြစ်ပြီး ခရစ် (၁၃)ရာစု အစောပိုင်းက တည်ခဲ့သည်။ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရား ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများရှိပြီး ဂူပြောက်ကြီးဘုရား အဝင်ခန်းမအတွင်း အလင်းရောင်ရသဖြင့် ပန်းချီများကို ကောင်းစွာလေ့လာနိုင်သည်။ ဘုရား၏ အဝင်ခန်းမ၏ ပေါင်းကူးမျက်နှာကြက်တွင် ဘုရား၏ ခြေတော်ရာကွက်နှင့်တကွ အလွန်လှပသော ပန်းချီကွက်များရှိသည်။ အဝင်ခန်းမ၏ တောင်နှင့် မြောက်နံရံတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ ပန်းခက်ပန်းနွယ်များ၊ ဗုဒ္ဓဝင် အကြောင်းအရာများ၊ ငါးရာ့ငါးဆယ် ဇာတ်ကွက်များကို ကမ္ပည်းမင်စာနှင့် တကွ လေ့လာနိုင်သည်။ အဝင်ခန်းမအတွင်း ဗုဒ္ဓရုပ်ပွား ဆင်းတု ထားရှိရာ ပလ္လင်၏ လက်ဝဲလက်ျာ အနောက်နံရံတွင် မာရ်နတ်စစ်သည် ပုံများကို အဆန်းတကြယ် ရေးဆွဲထားသည်။

အာရုံခံခန်းမ ပေါင်းကူးမျက်နှာကြက်တွင် ပန်းခက်ပန်းနွယ်ပုံ အလှပန်းများ နံရံတွင် တွဲလွဲဆွဲထားသော ငှက်ရုပ်ပုံများနှင့် ပန်းများ၊ သစ်ရွက်ပုံ ပန်းတန်းများနှင့် ပန်းဘောင်များ ရှိသည်။ စင်္ကြံပေါင်းကူး မျက်နှာကြက်တွင် ကျက်တငိုပုံများ၊ သစ်ရွက်ပုံ ပန်းတန်းများရှိသည်။

ဂူဘုရား အထပ်ထပ် ဂန္ဓကုဋိတိုက် ပေါင်းကူးမျက်နှာကြက်တွင် ကျက်တငိုပုံများ၊ ထောင့်ဘောင် ပန်းတန်းများ၊ နံရံတွင် သစ်ရွက်ပုံ ပန်းတန်းများကို ရေးဆွဲထားသည်။ ဂူပြောက်ကြီး (ဝက်ကြီးအင်း)ဘုရား အပြင်ရှိ အင်္ဂတေ ပန်းတော့လက်ရာများနှင့် အဝင်မုခ်ရှိ စုလစ်ပန်း၊ ရာမလက်ညှိုး၊ မုခ်တံကဲပန်းနှင့် တိုင်ဖုံးပန်းများကို လေ့လာနိုင်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads