ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)

From Wikipedia, the free encyclopedia

Remove ads

ဗိုလ်ချိုမိဂူပြောက်ဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံ၊ သီရိပစ္စယာအရပ်တွင် တည်ရှိသည်။ ဘုရားသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့် ဘုရားဖြစ်ပြီး ခရစ် (၁၃)ရာစုနှစ်က တည်ခဲ့သည်။

  • စေတီပုထိုးအမှတ် = ၉၉၅/၄၁၅−က

ဗြိတိသျှတို့ ၁၈၈၅−ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာတိုင်းရင်းသားများက အင်္ဂလိပ်တို့အား ဆန့်ကျင်တော်လှန် တိုက်ခိုက်ခဲ့ရာ ပုဂံမှ ဗိုလ်ချို သည် ထင်ရှားသော နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၁၈၉၆−ခုတွင် သီရိပစ္စယာရှိ ဂူပြောက်အတွင်း အင်္ဂလိပ်တို့က ဗိုလ်ချိုအား ဖမ်းဆီးရမိခဲ့သဖြင့် ဗိုလ်ချိုမိဂူပြောက်ဟု အမည်တွင်ခဲ့သည်။

ဗိုလ်ချိုမိဂူပြောက်ဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာများ ရှိသည်။ ဗိုလ်ချိုမိဂူပြောက်ဘုရားတွင် ကြက်တငိုအဝိုင်း၊ ထောင့်ဘောင်ပန်းနှင့် စက်ဝိုင်းအတွင်းမှ ပန်းကွက်အလှများ၊ နံရံတွင် ဘောင်ခတ်ထားသည့် သစ်ရွက်ပုံပန်းတန်း၊ စိန်ကွက်ပုံ နံရံပန်းချီများ နှင့် ခေတ်နှောင်းပိုင်းတွင် ရေးဆွဲထားသည့် လှေပုံများရှိသည်။ ဗိုလ်ချိုမိဂူပြောက်၏ မဟာဗောဓိကွမ်းတောင်မှ လေးထောင့်ကွက်အတွင်း ရုပ်ပုံပါသည့် အဝိုင်းကွက် ပုံဖော်ထားသည့် အင်္ဂတေ ပန်းတော့လက်ရာများ၊ အဝင်မုခ်မှ ရာမလက်ညှိုးပုံ၊ တံကဲပန်း၊ တိုင်ဖုံးပန်း၊ တိုင်အောက်ခံအိုးမှ အင်္ဂတေပန်းနှင့် အရုပ်များ၊ ချင်မိတ်တိုးတန်းမှ အင်္ဂတေပန်းများကို လေ့လာနိုင်သည်။[]

အောက်ထပ်တွင်လည်း အခန်းနံရံများ ပြုလုပ်ထားပုံ ဗိသုကာလက်ရာ အလုပ်အဆောင် တစ်မျိုးဖြစ်သည်။ ဤဂူပြောက်အတွင်းမှ သီရိဓမ္မဝိလာသ အမည်ပါသော ကျောက်ဗုဒ္ဓဆင်းတုများ တွေ့ရှိဘူးလေသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads