ဂေဟဗေဒ

From Wikipedia, the free encyclopedia

ဂေဟဗေဒ
Remove ads

ဂေဟဗေဒ (ဂရိဘာသာ oîkos, "ဂေဟာ"; -λογία, -logia, ဘာသာဗေဒ၊ အင်္ဂလိပ် - ecology) သည် သက်ရှိများ ဖြန့်ကျက်တည်ရှိပုံ၊ ဦးရေနှင့် သက်ရှိ အော်ဂင်နစ်ဆင်များနှင့် သဘာဝဝန်းကျင်အကြား မည်သို့ အပြန်အလှန် သက်ရောက်မှု ရှိသည်ကို လေ့လာသည့် သိပ္ပံပညာတရပ်ဖြစ်သည်။ [] သက်ရှိ အော်ဂင်နစ်ဆင်၏ ပတ်ဝန်းကျင်တွင် ရုပ်သတ္တိများ ပါဝင်သည်။ ယင်းသတ္တများတွင် အဇီဝအချက်များဖြစ်သည့် နေရောင်ခြည်၊ ရာသီဥတု၊ ဘူမိအနေအထားနှင့် ဇီဝအချက်များဖြစ်သည့် ယင်းသက်ရှိများနှင့်အတူ ကျက်စားနေထိုင်ကြသည့် အခြားသက်ရှိများ ပါဝင်သည်။ []

Thumb

Thumb Thumb

Thumb Thumb

သိပ္ပံနည်းကျ ဂေဟဗေဒသည် သက်ရှိတို့၏ အကြောင်းကို အပြည့်အစုံ လေ့လာသည်။ ဘက်တီးရီးယား သေးသေးကလေးမှ စ၍ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနေသည့် ဖြစ်ရပ်များ အထိ ဖြစ်သည်။ ဂေဟဗေဒ ပညာရှင်များသည် မျိုးနွယ်စုတို့ ကြားရှိ ရှုပ်ထွေးပြီး အမျိုးမျိုး အစားစား ကွဲပြားသော သားကောင်ဖမ်းခြင်း၊ ဝတ်မှုန်ကူးခြင်း (အလယ်ပုံ) အစရှိသည့် ဆက်နွယ်မှုများကို လေ့လာကြသည်။ သက်ရှိတို့၏ အမျိုးမျိုးအစားစား ကွဲပြားပုံကို ကျက်စားရာ ဒေသ အမျိုးမျိုး ပေါ်တွင် မူတည်၍ ခွဲခြမ်း စိတ်ဖြာကြသည်။ ကုန်းပေါ်ရှိ ဂေဟဗေဒ စနစ်မှ စ၍ ရေထဲရှိ ဂေဟဗေဒစနစ် အထိ အမျိုးမျိုး ကွဲပြားကြသည်။
Thumb
ဂေဟဗေဒအား သိပ္ပံပညာတရပ်အဖြစ် ထူထောင်ခဲ့သည့် Eugenius Warming

"Ecology" ဆိုသည့် ဝေါဟာရကို နှုတ်ပြောစကားအနေဖြင့် social ecologydeep ecology စသည်တို့တွင် ထည့်သွင်းသုံးနှုန်းကြသကဲ့သို့ သဘာဝဝန်းကျင် သို့မဟုတ် သဘာဝဝန်းကျင် ထိန်းသိမ်းရေးဝါဒ ဟူသောစကားလုံးများ၏ အဓိပ္ပာယ်တူ ဝေါဟာရအဖြစ် အသုံးပြုလေ့ရှိသည်။

Ecology သို့မဟုတ် oekologie ဟူသော ဝေါဟာရကို ဂျာမန် ဇီဝဗေဒပညာရှင် Ernst Haeckel က ၁၈၆၆ ခုနှစ်တွင် တီထွင်ခဲ့ပြီး "အော်ဂင်နစ်ဆင်နှင့် ယင်းတို့၏ ပတ်ဝန်းကျင်အကြား ဆက်နွှယ်မှုအား လေ့လာသည့် သိပ္ပံပညာရပ်"ဟု အဓိပ္ပာယ် သတ်မှတ်ခဲ့သည်။[] Haeckel သည် ဤသဘောတရားကို အသေးစိတ် ဆက်လက် ပြုစုခဲ့ခြင်းမရှိပါ။ ပထမဦးဆုံးသော ပြဋ္ဌာန်းစာအုပ်ကို (တက္ကသိုလ်တွင် ပထမဦးဆုံးသော သင်တန်းနှင့်အတူ) ဒိန်းမတ် ရုက္ခဗေဒပညာရှင် Eugenius Warmingက ရေးသားခဲ့သည်။ ယင်းစောစောပိုင်း စာအုပ်ကြောင့် Warming အား ဂေဟဗေဒပညာရပ်အား ထူထောင်ခဲ့သူဟု နောင်လာနောက်သားများက အသိအမှတ်ပြုကြသည်။ []

Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads