ဂေါမယပိဏ္ဍသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင်သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရ ရဟန်းတစ်ပါးက “နိစ္စ, ဓုဝ, သဿတ, အဝိပရိဏာမဓမ္မ, သဿတိသမကဲ့သို့ အခါခပ်သိမ်းတည်ရှိသော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ဝိညာဉ် တစ်စုံတစ်ခု ရှိပါသလော” ဟု မေးလျှောက်သဖြင့် ဘုရားရှင်က သေးငယ်သောနွားချေးခဲကို လက်တော်ဖြင့်ယူတော်မူပြီး ထိုရဟန်းကို “ဤမျှလောက် အနည်းငယ်မျှသော နိစ္စ, ဓုဝ, သဿတ, အဝိပရိဏာမဓမ္မ, သဿတိသကဲ့သို့တည်သော အတ္တဘောမျှမရှိနိုင်ပုံ၊ ထိုကဲ့သို့သောအတ္တဘောရှိပါက မှန်ကန်သောအားဖြင့် ဒုက္ခအားလုံးကုန်ဆုံးရန် ကျင့်သုံးအပ်သော ဗြဟ္မစရိယ မထင်ရှားနိုင်ပုံကို မိန့်ကြားတော်မူပြီး မဟာသုဒဿန စကြာမင်းဝတ္ထုကို မိန့်တော်မူ၍ သို့ကလောက် ကြီးကျယ်သော သင်္ခါရတရားတို့ ချုပ်ပျောက်သွားပုံ၊ သင်္ခါရတရားတို့သည် အနိစ္စ, အဒ္ဓုဝ, အနဿာသိကဖြစ်ပုံ၊ သင်္ခါရတရားတို့၌ နိဗ္ဗိန္ဒဉာဏ်ဖြစ်ရန်, မဂ်ဉာဏ်ဖြစ်ရန် လွတ်မြောက်မှုဖိုလ်ဉာဏ်ဖြစ်ရန် အားထုတ်သင့်ပုံ”တို့ကို အကျယ်ဟောတော်မူသည့်သုတ်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads