ဂျက်လေယာဉ်

From Wikipedia, the free encyclopedia

ဂျက်လေယာဉ်
Remove ads

ဂျက်လေယာဉ် သည် နယူတန်၏ စွမ်းအင်ဆိုင်ရာ ဥပဒေအရ တွန်းကန်မှုနှင့် တုံ့ပြန်မှုသည် အင်အားခြင်းညီသည်ဟူသော ကောက်ချက်ကိုမှီ၍ နောက်ဖက်သို့ ဓာတ်တွေ တွန်းထုတ်ခြင်းဖြင့် ရှေ့သို့ရွေ့လျားစေသော စက်မျိုးဖြင့် ပျံသန်းသော လေယာဉ်ဖြစ်သည်။ ဂျက်စက်မှာ ပြွန်ခေါင်းသဖွယ်ဖြစ်၍ တစ်ဖက်စွန်းလောင်စာကို အရှိန်မပြတ် ရှို့မြိုက်၍ ဓာတ်ငွေ့ကို တစ်ဖက်စွန်းမှ ကန်ထုတ်လေသည်။ လေကို စုတ်ယူ၍ ဖိနှိပ်အားဖြင့် ဖိ၍ ပေါက်လောင်ခန်းသို့ သွင်းကာ၊ လောင်စာကိုသွင်း၍ ပေါက်လောင်စေကာ ဓာတ်တွေကန်ထွက်စေခြင်းဖြင့် ၁၉၃၀-ပြည့်နှစ်တွင် ဝှစ်တဲက တီထွင်၍ မှတ်ပုံတင်ပြီး၊ ဂျာမန် ဟိန်ကဲလ်ဂျက်ဖြင့် ၁၉၃၉-ခုနှစ်တွင် စတင်ပျံသန်းကာ ဗြိတိသျှ ဂလွိုက်စတာကို ဝှစ်တဲစက်ဖြင့် ၁၉၄၁-ခုနှစ်၌ ပျံသန်းစေသည်။ ဂျက်လေယာဉ်သည် ရိုးရိုးလေယာဉ်ထက် လျင်မြန်၍ ပန်ကာလည်း မပါချေ။[]

Thumb
McDonnell Douglas DC-10 of Continental Airlines is an example of a Trijet configuration
Thumb
Boeing 707
Thumb
The Concorde was the longest running commercial SST providing service from 1976 to 2003
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads