ဂျပန်ဒဏ္ဍာရီ
From Wikipedia, the free encyclopedia
Remove ads
ဂျပန်ဒဏ္ဍာရီ (အင်္ဂလိပ်: Japanese mythology) သည် ဂျပန်ကျွန်းစုတွင် ပေါ်ထွက်လာခဲ့သော ရိုးရာပုံပြင်များ၊ ပါးစပ်ပြော ပုံပြင်ဇာတ်လမ်းများနှင့် ယုံကြည်မှုအယူအဆများ၏ အစုအဝေးဖြစ်သည်။ ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာ ရိုးရာအစဉ်လာများသည် ဂျပန်ဒဏ္ဍာရီ၏ အဓိကအခြေခံအကြောင်းရာများဖြစ်သည်။[၁] တရုတ်၊ ကိုရီးယား၊ အိုင်းနု(လူမျိုးများ) (Ainu)၊ အိုကီနာဝမ်(လူမျိုးများ)(Okinawan) စသည့်ဒဏ္ဍာရီများနှင့် နှစ်ထောင်ပေါင်းများစွာ ထိတွေ့လာခဲ့သည့်သမိုင်းကြောင်းသည် ဂျပန်ဒဏ္ဍာရီ၌ အဆိုပါဒဏ္ဍာရီများ၏ အဓိကလွှမ်းမိုးမှုများလည်းဖြစ်သည်။[၁][၂][၃]
ဂျပန်ဒဏ္ဍာရီများသည် စိုက်ပျိုးရေးအရ အခြေခံသော ရိုးရာဘာသာတရား၊ ကျွန်းစု၏ မြေမျက်နှာသွင်ပြင်အနေအထားနှင့် ပတ်သက်ဆက်နွယ်ကာ ရှင်တိုနတ်ကိုးကွယ်မှုအယူဝါဒတွင် ရေတွက်မရသော နတ်များစွာရှိကြသည်။ ဂျပန်ဘာသာစကားဖြင့် ကာမီ (神) ဟုခေါ်ဝေါ်ကြသည်။[၁]
ဂျပန်ဒဏ္ဍာရီအတွက် အရေးပါသောရင်းမြစ်နှစ်ခုရှိ၍ ၎င်းတို့ကို ကိုဂျိကိ(Kojiki) နှင့် နိဟွန် ရှိုကိ(Nihon Shoki) ဟူ၍အသိအမှတ်ပြုထားသည်။[၄][၅] ကိုဂျိကိ (သို့) 'ရှေးခေတ်အကြောင်းအရာများမှတ်တမ်း'သည် ဂျပန် ဒဏ္ဍာရီ၊ ရာဇဝင်၊ သမိုင်းများ၏ ရှင်သန်လျက် ရှိသော သက်တမ်းအရင့်ဆုံး မှတ်တမ်းကြောင်းရာတစ်ခုဖြစ်သည်။[၆] ထပ်မံ၍ ရှင်တိုရှူ(Shintōshū) စာပေကလည်း ဗုဒ္ဓဘာသာရှုထောင့်မှ ဂျပန်နတ်ဒေဝါများ၏ ဇာစ်မြစ်များကို ဖော်ပြထားသည်။[၇]
ဂျပန်ဒဏ္ဍာရီ၏ သိသာသောအသွင်အပြင်တစ်ခုမှာ ဂျပန်တော်ဝင်မိသားစု၏ မူလဇာစ်မြစ်ကို ရှင်းလင်းပြသခြင်းဖြစ်သည်။ ထိုတော်ဝင်မိသားစုဇာစ်မြစ်ကို ဂျပန်နန်းဆက်တွင် နတ်ဘုရားအရည်အသွေးရှိသည်ဟူ၍ သမိုင်းကြောင်းအရ သတ်မှတ်သုံးစွဲခဲ့ကြသည်။[၄]
ဂျပန်အမည်များမှာ ရံခါ၌ ရှည်လျှားလွန်းသောကြောင့် အက္ခရာဖလှယ်မှုသည် ကိုးကားရင်းမြစ်များ၌ တစ်သမတ်တည်းမရှိပေ။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads