ဂျပန် အမျိုးသားအားကစားကွင်း

From Wikipedia, the free encyclopedia

ဂျပန် အမျိုးသားအားကစားကွင်း
Remove ads

ဂျပန်အမျိုးသားအားကစားကွင်း (အင်္ဂလိပ်: Japan National Stadium)သည် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ အမျိုးသားအားကစားကွင်းဖြစ်သည်။ ယခင်က အမျိုးသားအားကစားကွင်းအသစ်ဟု လူသိများသည်။၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲနှင့် နွေရာသီပါရာလမ်းပစ်ပြိုင်ပွဲတို့အတွက် အဓိက အားကစားကွင်းဖြစ်သည်။၁၉၆၄တိုကျိုအိုလံပစ်ကို လက်ခံကျင်းပခဲ့သည့် တိုကျိုအမျိုးသားအားကစားကွင်းကို ဖျက်သိမ်းခဲ့ကာ ယခုအားကစားကွင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။၂၀၁၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၁၉ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးခဲ့သည်။

အချက်တိုများ တည်နေရာ, ပိုင်ဆိုင်သူ ...
Remove ads

သမိုင်းကြောင်း

တိုကျိုအနေဖြင့် ၂၀၂၀အိုလံပစ်ကို လက်ခံကျင်းပခွင့် ရရှိပြီးနောက် ယခင်အမျိုးသားအားကစားကွင်းကို အဆင့်မြှင့်တင်ခြင်း (သို့မဟုတ်) ပြန်လည်တည်ဆောက်ခြင်း ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် အားကစားကွင်းအဟောင်းကို ဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်ရန် အတည်ပြုခဲ့သည်။ ဗိသုကာပညာရှင် Zaha Hadidမှ ဒီဇိုင်းရေးဆွဲခဲ့ကာ ကွင်းအဟောင်းကို ၂၀၁၅ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ အားကစားကွင်းအသစ်ကို ၂၀၂၀ တိုကျိုအိုလံပစ်မစမီ ၁နှစ်ခန့်အလို ၂၀၁၉ခုနှစ် မတ်လတွင် ပြီးစီးရန် လျာထားခဲ့ကြသည်။[]သို့သော် ၂၀၁၅ခုနှစ် မေလတွင် ဘဏ္ဍာရေး အခြေအနေအရ ကွင်း၏ဒီဇိုင်းပိုင်းကို ပြောင်းလဲခဲ့ရသည်။ မူလဒီဇိုင်းတွင်ပါဝင်သော ဖွင့်နိုင်ပိတ်နိုင်သည့် အမိုးအရှင်ကို ပယ်ဖျက်ခြင်း၊ တချို့သော ထိုင်ခုံများကို ယာယီထိုင်ခုံအနေဖြင့် အစားထိုးခြင်း စသည်ဖြင့် ပြင်ဆင်ခဲ့ကြသည်။ ထို့အပြင် ​မြေနေရာ ၇၁ဧကကို ၅၂ဧကအထိ လျှော့ချခဲ့သည်။၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် Kuma and the Taisei Corporationကို ဒီဇိုင်းပိုင်းနှင့် ဆောက်လုပ်ရေးပိုင်းအတွက် ပြောင်းလဲဆောက်လုပ်စေခဲ့သည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ကြပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးထား ဆောက်လုပ်ရမည်ဖြစ်သည်။၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ပြီးစီးခဲ့ကာ[] ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads