ဂျာနယ်ကျော်

From Wikipedia, the free encyclopedia

Remove ads


ဂျာနယ်ကျော် (အင်္ဂလိပ်: The Weekly Thunderer) သည် မြန်မာဘာသာဖြင့် ထုတ်ဝေသော အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည်။ နိုင်ငံရေး၊ လူမျိုးရေးကိစ္စများကို ထိထိပေါက်ပေါက် ရေးသားသဖြင့် ရှင်လူများ စိတ်ဝင်တစား စောင့်မျှော်ဖတ်ရှုကြရသည်။

စတင်ထုတ်ဝေခြင်း

၁၉၃၉ ခု၊ မေလ ၂၇ ရက်တွင် စထုတ်သည်။ အိန္ဒိယ၌ အပတ်စဉ်ထုတ် စာနယ်ဇင်းများ များစွာရှိသော်လည်း မြန်မာပြည်၌မူ လစ်ဟာမှုရှိနေသဖြင့် တစိတ်တဒေသဖြည့်စွက်လိုသဖြင့် ထုတ်ဝေရသည်ဟု အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။ ထုတ်ဝေရသည့် ရည်ရွယ်ချက်မှာ ပြည်သူ့ရေးရာကိစ္စရပ်များကို အစိုးရက အရေးတယူဆောင်ရွက်ခြင်းအလို့ငှာ တိုက်တွန်းနှိုးဆော်ရန်၊ ပြည်သူများ အရေးပေါ်က မည်သို့လုပ်ကိုင်ရမည်ကို အကြံပေးရန် နှင့် ဖော်ပြရန်ရှိက မကြောက်မထောက် အမှန်အတိုင်းရေးရန် ဖြစ်သည်ဟု ရေးသားထားသည်။ အဖိုးအနေဖြင့် သုံးပဲ ကျသင့်ပြီး စာမျက်နှာ ၂၈ မျက်နှာ ပါရှိသည်။

အယ်ဒီတာမှာ မြန်မာ့အလင်းထွက် ဦးချစ်မောင် ဖြစ်သည်။ တွဲဘက်အယ်ဒီတာအဖြစ် ဦးစောဦးက တာဝန်ယူထားသည်။ ရုံးခန်းကို အမှတ် ၁၁၆၊ မွန်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်လမ်း)၊ ရန်ကုန်မြို့တွင် ဖွင့်ခဲ့သည်။ ဆက်သွယ်နိုင်ရန် စကားပြောကြေးနန်းနံပါတ် ၁၇၈၅ ကို ယူထားသည်။

Remove ads

တိုက်ပေါက် စာရေးဆရာများ

ဂျာနယ်ကျော်တိုက်မှ မွေးထုတ်လိုက်သော စာရေးဆရာများမှာ အောက်ပါအတိုင်းဖြစ်သည် -

ပါဝင်သော ကဏ္ဍများ

ဦးလေး ပြောမယ်

လူငယ်များ၏ အနေအထိုင်၊ အပြုအကျင့်နှင့် ပတ်သက်၍ လုပ်ဆောင်သင့်သည်များကို ဦးလေးတစ်ဦးမှ တူမောင်ဖြစ်သူအားပြောပြဟန် အကြံပေးသည့် ကဏ္ဍဖြစ်သည်။

အယ်ဒီတာထံသို့ ထိုမှဤမှပေးစာများ

အယ်ဒီတာထံ လိပ်မူကာ ဂျာနယ်တိုက်သို့ ပေးပို့လာသော စာများကို အကျဉ်းချုံးဖြေကြားပေးသော ကဏ္ဍဖြစ်သည်။

ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ

ရုပ်ပြောင် တစ်ကွက်ကာတွန်းကဏ္ဍဖြစ်သည်။

ဤအချက်များကို မကျေနပ်

အိတ်ဖွင့်ပေးစာနှင့် ဆင်တူသည်။ အုပ်ချုပ်မှုကိစ္စများနှင့် ပတ်သက်၍ မကျေလည်မှုများကို ပေးပို့လာပါက ဤကဏ္ဍ၌ ဖော်ပြသည်။

သူတို့အပြော

အခြားစာနယ်ဇင်းများမှ ကောက်နုတ်ချက်များ၊ အစိုးရလူကြီးပိုင်းတို့၏ ပြောဆိုချက်များကို ထုတ်နုတ်ဖော်ပြသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads