ဂျိုးဖြူကန်
From Wikipedia, the free encyclopedia
Remove ads
ဂျိုးဖြူကန် သည် ရန်ကုန်မြို့သို့ ရေပေးဝေလျက်ရှိသည့် ရေကန်တစ်ကန် ဖြစ်သည်။[၂][၃]
သမိုင်းကြောင်း
ဂျိုးဖြူကန်ကို အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၃၇ခုနှစ်က စတင်၍ တည်ဆောက်ခဲ့ပြီး ၁၉၄၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေကန်သည် တိုက်ကြီးမြို့နယ် ချောင်းမကြီးလေးခုဆုံရာနေရာတွင် တည်ရှိသည်။ တည်ဆောက်မှု ကုန်ကျစရိတ်သည် ၁၇၅ သိန်း ရှိခဲ့သည်။ ရေသယ်ယူပို့ဆောင်သည့် လမ်းကြောင်းမှာ ဂျိုးဖြူကန်မှ ကုက္ကိုင်းအထိ ပိုက်လိုင်းအရှည်သည် ၄၃ မိုင် ရှိသည်။ ထိုသို့ သယ်ယူပို့ဆောင်သည့် ပိုက်လိုင်းများသည် အချင်း ၅၆ လက်မ ရှိကာ သံမဏိပိုက်များ ဖြစ်သည်။[၂][၃]
Remove ads
ရေပေးဝေမှု
ဂျိုးဖြူကန်သည် ရေဂါလန်သန်းပေါင်း ၁၆၆၀၀ ကို သိုလှောင်ထားနိုင်သည်။ တစ်နေ့လျှင် ရေဂါလန်သန်းပေါင်း ၂၇ သန်း ပေးဝေနိုင်သည်။[၁][၂][၃]
ပြုပြင်ထိန်းသိမ်းခြင်း
တည်နေရာ
ဂျိုးဖြူရေကန်သည် တိုက်ကြီးမြို့နယ်တွင် တည်ရှိ၍ သွားရောက်မည်ဆိုပါက ရန်ကုန် - ပြည်လမ်း ၄၉ မိုင်အရောက် ညာဘက် ၇.၀ မိုင်အကွာတွင် တည်ရှိသည်။[၂][၃]
အတိုင်းအတာများ
- စတင်တည်ဆောက်သောခုနှစ် - ၁၉၃၆ ခုနှစ်
- ပြီးစီးသောခုနှစ် - ၁၉၄၀ ခုနှစ်
- ရေဝေရေလဲဧရိယာ ၁၂.၇ စတုရန်းမိုင်
- ကန်ရေပြည့်ရေပြင်ဧရိယာ - ၂.၈ စတုရန်းမိုင်
- ရေသိုလှောင်နိုင်အား - ၁၆၆၀၀ ဂါလန်သန်း
- အသုံးပြုနိုင်သော ပမာဏ - ၈၄၀၀ ဂါလန်သန်း
- အမြင့်ဆုံးကန်ရေချိန် - ၂၁၅ ပေ
- အနိမ့်ဆုံးကန်ရေချိန် - ၁၃၈ ပေ
- ပထမ ရေယူပေါက် - ၂၀၁ ပေ
- ဒုတိယရေယူပေါက် - ၁၈၀ ပေ
- တတိယ ရေယူပေါက် - ၁၃၈ ပေ
- တစ်နေ့ရေပေးဝေနိုင်မှုပမာဏ - ၂၇ ဂါလန်သန်း
- အကွာအဝေး - ၄၃ မိုင်[၁]
Remove ads
ခရီးသွားဆိုင်ရာ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads