ဂျူပီတာ၏ ဂြိုဟ်ရံလများ
ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလများ From Wikipedia, the free encyclopedia
Remove ads
ဂျူပီတာဂြိုဟ်၌ ၂၀၂၁ ခုနှစ်အရ မိမိတို့သိထားသော ဂြိုဟ်ရံလ ၈၀ စင်းရှိသည်။[၁][၂][၃] ယင်းသည် ဂျူပီတာဂြိုဟ်အား နေအဖွဲ့အစည်း၌ ဂြိုဟ်ရံလ အများဆုံးပိုင်ဆိုင်ထားသည့် ဂြိုဟ်တစ်ခုဖြစ်စေသည်။[၄] အကြီးဆုံး ဂြိုဟ်ရံလများမှာ ၄ စင်းဖြစ်ကာ ယင်းတို့မှာ ဂယ်လီလီယန် လများဖြစ်ပြီး ဂယ်လီလီယိုနှင့် Simon Marius တို့က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းသည် နေအဖွဲ့အစည်းတွင် ကမ္ဘာနှင့် နေအား လှည့်ပတ်မနေသည့် ပထမဆုံး အရာဝတ္ထုဖြစ်သည်။ ၁၉ ရာစုအကုန်မှစ၍ ဂျူပီတာ၏ ဂြိုဟ်ရံလ ဒါဇင်နှင့်ချီကာ တွေ့ရှိခဲ့ပြီး ရောမဒဏ္ဍာရီလာ နတ်ဘုရား ဂျူပီတာ၏ အချစ်တော် သို့မဟုတ် သမီးတော်များ၏ အမည်များကို မှည့်ခေါ်ခဲ့သည်။ ဂယ်လီလီယန်လများသည် အကြီးဆုံးဖြစ်ပြီး ကျန်သော ၇၅ စင်းတို့မှာ ကွင်းစနစ်တွင်ရှိသော ဂြိုဟ်ရံလငယ်များဖြစ်ကြသည်။ အကယ်၍ ဂယ်လီလီယန် လများသည် နေအား တိုက်ရိုက်လှည့်ပတ်နေပါက ယင်းတို့အား အနည်းဆုံး ဂြိုဟ်ပုများအဖြစ် ယူဆနိုင်ဖွယ်ရှိသည်။

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
