ဂျူလီယန်နေ့စွဲ

From Wikipedia, the free encyclopedia

Remove ads

နက္ခတ်ပြက္ခဒိန်တွက်ရာ၌ သုံးသော စနစ်မျိုးဖြစ်၍ နှစ်၊ လကို အခြေခံမထားဘဲ ရက်တစ်ခုထဲကိုသာ ရေတွက်သည်။ ၁၅၈၂-ခုနှစ်တွင် ဂျိုးဆက်စကာလီဂါက စတင်တီထွင်သည်။ ဤနည်းဖြင့် ပြက္ခဒိန်အမျိုးမျိုးကို အသုံးပြုကြခြင်းကြောင့် နေ့ရေတွက်ပုံ လွှဲမှားစရာ မရှိတော့ဘဲ အမှန်ကို တစ်ဆက်တည်း ရေတွက်နိုင်မည် ဖြစ်လေသည်။ ဂျူလီယန် ပြက္ခဒိန်တွင် ခရစ်တော်မပေါ်မီ ၄၇၁၃-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ကို သတ်မှတ်အရင်းခံ၍ လက်ရှိရက်ပေါင်းကို ရေတွက်သည်။ ထိုအတိုင်းတွက်ရာ၌ ၁၉၆၈-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ထိ ရက်ပေါင်း (၂၄၃၉၈၅၇) ရှိမည်ဖြစ်လေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads