ဂျူးနီးယပ်စ် ရစ်ချတ် ဇယဝဍ္ဎန

From Wikipedia, the free encyclopedia

Remove ads

ဂျေယျဝါဒိနီ ဂျူးနီးယပ်ရစ်ချတ် (ခရစ် ၁၉ဝ၆ ဖွား) ။ ။ မစ္စတာ ဂေယျဝါဒိနီသည် ၁၉ဝ၆ ခုနှစ် စက်တင်ဘာ လ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ တရားဝန်ကြီး တစ်ဦးဖြစ်သည်။ ၁၉၇၇ ခုနှစ်ဇူလိုင်လ ၂၃ ရက် နေ့တွင် သီရိလင်္ကာ သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာ၍ ကာကွယ်ရေးစီမံကိန်းနှင့် စီးပွားရေးစီမံကိန်း အကောင် အထည်ဖော်ရေး ဝန်ကြီးဌာနများကိုပါ တာဝန်ယူသည်။ မစ္စတာဂျေယျဝါဒိနီသည် ကိုလံဗိုမြို့ရှိ တော်ဝင်ကောလိပ်၊ သီဟိုဠ်ယူနီဗာစီတီနှင့် သီဟိုဠ်ဥပဒေ ကောလိပ်တို့တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၃၂ ခုနှစ်၌ သီဟိုဠ် တရားလွှတ်တော် ချုပ် ရှေ့နေဖြစ်လာသည်။

၁၉၄၁ ခုနှစ်တွင် ကိုလံဗို မြူနီစီပါယ် ကောင်စီဝင် တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့သော ဂျေယျဝါဒိနီသည် ၁၉၄၃ ခုနှစ်၌ နိုင်ငံတော် ကောင်စီဝင်တစ်ဦးဖြစ်လာသည်။ သီဟိုဠ် အမျိုးသားကွန်ဂရက်၏ အကျိုးဆောင် အတွင်းရေးမှူးတာဝန်ကို ၁၉၄ဝ-၄၇ ခုနှစ်အထိ၎င်း၊ ၁၉၄၇-၄၈ ခုနှစ်တွင် အမျိုးသား ညီညွတ်ရေးပါတီ၏ ဘဏ္ဍာရေးမှူးအဖြစ်၎င်း၊ ၁၉၅၃ ခုနှစ်တွင် ဒုတိယဥကဋ္ဌ အဖြစ်၎င်း ဆောင်ရွက်ရသည်။

သီဟိုဠ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိပြီး ပထမ ပါလီမန် ရွေးကောက်ပွဲတွင် အမတ်အဖြစ် အရွေးခံရ၍ အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၁၉၄၇-၅၃ ခုနှစ် အထိ ဆောင်ရွက်သည်။ ဒုတိယပါလီမန်ရွေး ကောက်ပွဲ တွင်လည်း ပြန်လည်အရွေးခံရ၍ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီး ဖြစ်လာသည်။ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ပါလီမန် ရွေးကောက်ပွဲများတွင် ထပ်မံအရွေး ခံရ၍ ၁၉၆ဝ ပြည့်နှစ် မတ်လမှ ဇူ လိုင်လအထိ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်၎င်း၊ ပြန်ကြားရေးနှင့် အသံလွှင့်ဌာန ဝန်ကြီး အဖြစ်၎င်း ဆောင်ရွက်ခဲ့ပြန်သည်။ မစ္စတာဂျေယျဝါဒိနီသည် ၁၉၆ဝ ပြည့်နှစ်မှစ၍ ယနေ့တိုင် ကိုလံဗိုတောင်ပိုင်းမှ ပါလီမန်အမတ် အဖြစ်အရွေးခံရသည်။ သို့သော် ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်ဖြစ်သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၇ဝ ပြည့်နှစ် များအတွင်းတွင်မူ နိုင်ငံခြားရေးဝန်ကြီး၊ ဝန်ကြီးချုပ်၏ အတွင်းဝန်၊ ကာကွယ်ရေးနှင့် ပြည်ပရေးရာဝန်ကြီး၊ အောက်လွှတ်တော် အမတ်များ ခေါင်းဆောင်ဟူ၍ ရာထူးအမျိုးမျိုး၊ တာဝန်အသီးသီး ပြောင်းလဲထမ်းဆောင် ခဲ့သည်။ ထိုအတွင်း အယ်လဂျီးရီးယား၊ ဗြိတိန် စသော နိုင်ငံများတွင် ကျင်းပသော ၇၇ နိုင်ငံအုပ်စု အစည်းအဝေး များကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်မှ စ၍ ၁၉၇၇ ခုနှစ် ပထမခြောက်လ ဂျေယျဝါဒိနီသည် လွှတ်တော်အတွင်း အတိုက်အခံများ၏ ခေါင်းဆောင် ဖြစ်သည်။ ၁၉၇၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသောအခါ အမျိုးသား ညီညွတ်ရေးပါတီ၏ ဥက္ကဋ္ဌမစ္စတာ ဂျေယျဝါဒိနီသည် အရွေး ခံရာ၌ ဝန်ကြီးချုပ်မစ္စစ် သီရိမာဗိုဗန္ဒရာနိုက်ကေး၏ နေရာတွင် ဝန်ကြီးချုပ်အဖြစ် တင်မြေ|ာက်ခြင်းခံရသည်။ မိမိ ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ရာ၌ သီရိလင်္ကာ နိုင်ငံကို ဆိုရှယ်လစ်နိုင်ငံ အဖြစ် ထူထောင်မည်။ နိုင်ငံခြားရေး၌ ဘက်မလိုက်ဝါဒကိုပင် ဆက်လက်ကျင့်သုံးမည်ဟု မစ္စတာဂျေယျဝါဒိနီက ထုတ်ဖော် ပြောဆိုခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads