ပင်မ ဥက္ကာ ခါးပတ်

From Wikipedia, the free encyclopedia

ပင်မ ဥက္ကာ ခါးပတ်
Remove ads

ပင်မ ဥက္ကာခါးပတ် သည် နေအဖွဲ့အစည်းရှိ ဂျူပီတာဂြိုဟ်နှင့် အင်္ဂါဂြိုဟ် ပတ်လမ်းကြားရှိ စက်ဝိုင်းလုံးပုံစံ ချပ်ပြားဖြစ်သည်။ ယင်းတွင် ဥက္ကာပျံများ သို့မဟုတ် ဂြိုဟ်ငယ်များကဲ့သို့သော ပုံစံအတည်တကျမရှိသည့် အရာဝတ္ထုများ တည်ရှိသည်။ ခါးပတ်အား အခြားသော ကမ္ဘာမြေအနီးရှိ ဥက္ကာပျံများ၊ ထရိုဂျင် ဥက္ကာပျံများနှင့် ကွဲပြားစေရန် ပင်မ ဥက္ကာခါးပတ်ဟု ခေါ်ဆိုသည်။[] ခါးပတ်၏ ထုထည် ထက်ဝက်ခန့်ကို အကြီးဆုံး ဥက္ကာပျံများဖြစ်သော စီးရပ်စ်၊ ဗီစတာ၊ Pallas နှင့် Hygiea တို့က ပိုင်ဆိုင်ထားကြသည်။[] ဥက္ကာ ခါးပတ်၏ စုစုပေါင်းထုထည်သည် လကမ္ဘာ၏ ၄%၊ ပလူတို၏ ၂၂%၊ ချာရွန်၏ ၂၂% နီးပါးခန့် ရှိသည်။ စီးရပ်စ်သည် ခါးပတ်၏ တစ်ခုတည်းသော ဂြိုဟ်ပုဖြစ်ပြီး အချင်းအားဖြင့် ၉၅၀ ကီလိုမီတာ ရှိကာ ဗီစတာ Pallas နှင့် Hygiea တို့မှာ ၆၀၀ ကီလိုမီတာအောက် ရှိကြသည်။[][] ကျန်သော ကိုယ်ထည်များမှာ ဖုန်မှုန်အရွယ်အစားခန့်မျှသာ တည်ရှိကြသည်။ ဥက္ကာ ခါးပတ်ရှိ အရာဝတ္ထုများသည် ပါးလွှာစွာ ပြန့်နှံ့တည်ရှိသောကြောင့် လူသားမဲ့ အာကာသယာဉ်များစွာတို့သည် ထိတိုက်မှုမရှိဘဲ ပျံသန်းခဲ့သည်။[] သို့သော်လည်း ကြီးမားသော ဥက္ကာပျံများကြားတွင်ကား ထိတိုက်မှု ရှိလေသည်။

Thumb
ဂျူပီတာနှင့် အတွင်းပိုင်း နေအဖွဲ့အစည်း၏ ဥက္ကာပျံများ၊ မုန့်လက်ကောက်ပုံစံရှိ ဥက္ကာခါးပတ်သည် ဂျူပီတာနှင့် အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းကြားတွင် တည်ရှိသည်။
      နေ
      ဂျူပီတာ ထရိုဂျင်များ
       ဂြိုဟ်များ၏ ပတ်လမ်းကြောင်းများ
      ဥက္ကာ ခါးပတ်
      ဟဲလ်ဒါ ဥက္ကာပျံများ (Hildas)
      ကမ္ဘာအနီး အရာဝတ္ထုများများ (selection)
Thumb
ခါးပတ်အတွင်းရှိ ၁၂ ခုသော ထိပ်ဆုံး ဥက္ကာပျံများနှင့် ကျန်သောဥက္ကာပျံများကို ထုထည်အားဖြင့် နှိုင်းယှဉ်ကြည့်ပုံ
Thumb
ခါးပတ်အတွင်းရှိ အကြီးဆုံးမှာ စီးရပ်စ် ဖြစ်ပြီး ခါးပတ်၏ စုစုပေါင်းထုထည်သည် ပလူတိုထက် နည်းပါးကာ ပလူတို၏ဂြိုဟ်ရံလ ချာရွန်ထက် နှစ်ဆနီးပါးရှိသည်။
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads