ငပလီကမ်းခြေ

ငပလီမြိုံ၊ သံတွဲခရိုင်၊ ရခိုင်ပြည်နယ်ရှိ ကမ်းခြေ From Wikipedia, the free encyclopedia

ငပလီကမ်းခြေmap
Remove ads

ငပလီကမ်းခြေသည် သံတွဲမြို့မှ ၇ ကီလိုမီတာ (၄မိုင်)အကွာတွင် တည်ရှိသော အပန်းဖြေကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေအလျား ၃ ကီလိုမီတာ (၂ မိုင်) ရှည်လျားကာ အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူလျက် တည်ရှိသည်။

အချက်တိုများ နိုင်ငံ, ပြည်နယ် ...
Remove ads
Thumb

ကမ်းခြေတစ်လျှောက် တည်ဆောက်ထားသော ဟိုတယ်အများအပြား၊ အပန်းဖြေစခန်းများနှင့် ဂေါက်ကွင်းများဖြင့် မြန်မာပြည်၏ အဓိက ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ အဓိက ဆက်သွယ်ရေးလမ်းကြောင်းမှာ လေကြောင်း ဖြစ်၍ သံတွဲလေဆိပ် (ယခင် Sandoway လေဆိပ်) မှတဆင့် သွားရောက်နိုင်၍ မြန်မာ့လေကြောင်းအဲမန္တလေးရန်ကုန် လေကြောင်းလိုင်းနှင့် အဲပုဂံ တို့မှ သံတွဲသို့ ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြသည်။

Remove ads

တည်နေရာ

ငပလီကမ်းခြေသည် မြန်မာပြည်အနောက်ဘက် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ အနောက်မြောက်ဘက် ၁၇၅ မိုင်အကွာတွင် ရှိသည်။ သံတွဲမြို့အနောက်ဘက် ၇မိုင်အကွာတွင် တည်ရှိသည်။

သမိုင်းကြောင်း

ငပလီကမ်းခြေစခန်းသည် ယခင်က ရွာကလေးဖြစ်သည်။ ငပလီဟူသော အမည်ကို ၁၈၂၆-ခုနှစ်၊ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ရောက်ရှိလာသော အီတလီလူမျိုးများက အီတလီနိုင်ငံ၏ မြို့တစ်ခုဖြစ်သော နာပိုလီ (Napoli)မြို့ရှိ ကမ်းခြေနှင့်တူသောကြောင့် အစွဲပြု ခေါ်ဝေါ်ရာမှ ရခိုင်ပြည်သူတို့ စကားသံဖြင့် ငပလီဟူ၍ ဖြစ်လာသည်။ အီတလီစကားအရ အလွန်သာယာပြီး ရှုခင်းကောင်းလွန်းသောကြောင့် နေပလီဟု ခေါ်ကြသည်။

၂၀၁၄ တွင် သမ္မတ ဦးသိန်းစိန်လာရောက်ပြီးနောက်၊ ငပလီအား ရွာအဖြစ်မှ သီးခြားမြို့နယ် ငပလီမြို့နယ် အဖြစ် သံတွဲမြို့နယ်မှ ခွဲထုတ်ကာ ပြန်လည် ဖွဲ့စည်းခဲ့သည်။

ငပလီ ခရီးသွားလုပ်ငန်းမှာ ကိုလိုနီခေတ်မှ စတင်ခဲ့ပြီး၊ ယခုတိုင် ကမ္ဘာပေါ်တွင် ကျော်ကြားဆဲ ခရီးသွားနေရာတစ်ခုဖြစ်သည်။ ယခင်က အစိုးရပိုင် ငပလီဟိုတယ် တစ်ခုသာ ရှိပြီး၊ ၂၀၀၈ နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင် ဟိုတယ်များစွာပေါ်ပေါက်လာခဲ့သည်။

Remove ads

ဆက်သွယ်ရေး

ငပလီတွင် အော်တို အိတ်ချိန်းAuto Exchange တယ်လီဖုန်း ဆက်သွယ်ရေးစခန်း ရှိသည်။ ၂၀၁၂ နောက်ပိုင်းတွင် ADSL အင်တာနက်လိုင်းများ ငပလီတွင်ချပေးသည်။

ငပလီဝန်းကျင်ရှိ ရွာများ

ငပလီကမ်းခြေအား ကမ်းခြေမြို့အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သောအခါ ဤကျေးရွာများသည် ငပလီမြို့၏ရပ်ကွက်များဖြစ်လာခဲ့သည်။ ငပလီကမ်းရိုးတမ်းတွင် ချိုင်များစွာရှိပြီး၊ ချိုင်တစ်ခုချင်းစီရှိရွာများကို အစွဲပြုပြီးချိုင်များ၏ အမည်ကို မှည့်ခေါ်ကြသည်။

ကမ်းခြေ

ကမ်းခြေအလျား ၃ ကီလိုမီတာ (၂ မိုင်) ရှည်လျားကာ အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူလျက် တည်ရှိသည်။

ရေသူမရုပ်တု

လွတ်လပ်ရေး မော်ကွန်းဝင် စာရေးဆရာကြီး ရာမညကိုကိုနိုင်သည် ၁၉၇၄ ခုနှစ်၊ ဧပြီလ ၌ ငပလီကမ်းခြေ အဏ္ဏဝါရိပ်သာရှေ့ ကျောက်ဆောင်တွင် အမြင့်ခြောက်ပေရှိ ရေသူမ (ရခိုင် ခေါ် ရီသူမ) ရုပ်တုကို လေးရက်နှင့် သုံးညတိုင်တိုင် အပင်ပန်းခံ ထုလုပ်ခဲ့သည်။

လူရည်ချွန်စခန်း

မြန်မာ့လူရည်ချွန် များအတွက်လူရည်ချွန်စခန်းရှိပြီး၊ ၂၀၁၂ နောက်ပိုင်းတွင် သိမ်းဆည်းခံရကာ၊ ဟော်တယ်အဖြစ်ပြောင်းလဲခံခဲ့ရသည်။

နာလန်ထစခန်း

ငပလီတွင် တိုက်ပွဲတွင်ဒဏ်ရာရ၍ မသန်စွမ်းဖြစ်သော တပ်မတော်သားများအတွက် အနားယူစခန်းရှိသည်။ ယခု ဖျက်သိမ်းပြီး ဟိုတယ် တည်ဆောက်ထားသည်။

ငပလီဂေါက်ကွင်း

ငပလီဂေါက်ကွင်းမှာ မြန်မာပြည်တွင် ထူးခြားသော ကမ်းရိုးတန်းကပ်လျက်ရှိ ဂေါက်ကွင်းတစ်ခုဖြစ်ပြီး။ ထိန်းသိမ်းမှု ကင်းမဲ့လျက်ရှိသည်။

Remove ads

ငပလီ ဝန်းကျင်ရှိကျွန်းများ

ငပလီအနီးတွင် ကျွန်းများစွာရှိပြီး အများအားဖြင့်လူနေထိုင်ကြသည်။ အကြီးဆုံးကျွန်းမှာ ပုလဲကျွန်း ခေါ် အပေါ်ရဲကျွန်း ရှိသည်။ ၎င်းကျွန်းတွင် ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည်။ ယခု ထိုစခန်းအား ဖျက်သိမ်းပြီး ဖြစ်သည်။ ကသစ်ကျွန်းမှာ လူနေထိုင်ခြင်းမရှိ။ ဒေသတွင်း လူများ၏ သားငါးရှာဖွေရာ ကျွန်းဖြစ်သည်။ သဲဖြူကျွန်း(ယခင် သဲပူကျွန်း)သည်၌ သစ်ပင်မရှိ။ သဲသောင်သာဖြစ်သည်။ ပွင့်လင်းရာသီ၌ ခရီးသွားလုပ်ငန်း အထောက်အကူပြု ‌ကျွန်းဖြစ်သည်။

Remove ads

ရေလှောင်တမံများ

ငပလီအနီးရှိရွာများမှာ ကမ်းရိုးတမ်းအနီးတွင် ရေချိုရရန်ခက်ခဲရာ၊ ရေလှောင်တမံများကို အားထားရသည်။ အထင်ကရရေလှောင်ကန်မှာ ငှက်ပျောချောင်းဆည် ဖြစ်သည်။ ဂျိတ္တောရွာရှိ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ဒေါင်းသောက်တောင်ဆည် တစ်ခုရှိသည်။

လျှပ်စစ်မီး ရရှိမှု

လျှပ်စစ်မီးမှာ အစိုးရတည်ဆောက်ထားသည့် ည ၁၀နာရီထိ သံတွဲမြို့မှ တစ်ဆင့်ဖြန့်ဖြူးသည်။ ၂၀၁၅ တွင် ကျောက်ဖြူမြို့မှ ဓာတ်ငွေ့သုံးတာဘိုင်ဖြင့် ၂၄နာရီ ဖြန့်ဖြူးပေးလျက် ရှိသည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads