ငါးပွင့်ဆိုင် အဖွဲ့

From Wikipedia, the free encyclopedia

Remove ads

နယ်ချဲ့ဗြိတိသျှအစိုးရသည် ၁၉၃၇ ခုနှစ်၊ ဧပြီ-၁ ရက်နေ့မှာ မြန်မာပြည်ကို (၉၁) ဌာနအုပ်ချုပ်ရေးသစ် တရားဝင် စတင်ပေးအပ်မည်ဟု ကြေညာကာ အုပ်ချုပ်ရေးသစ်အတွက် ၁၉၃၆ ခုနှစ်၊ နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့သည် ထို (၉၁) ဌာန ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အင်အားစုစည်းပြင်ဆင်ကြရာမှ “ငါးပွင့်ဆိုင်အဖွဲ့” ပေါ်ထွက်လာသည်။ ၁၉၃၆ ခုနှစ်-မေလမှာ စတင်ဖွဲစည်းသည်။ ဦးဘဖေ၊ သာယာဝတီ ဦးပု တို့ ခေါင်းဆောင် ဖွဲ့စည်းခဲ့ဖူးပြီးနောက် ပြိုကွဲသွားသည့် “ပြည်သူပြည်သား” အဖွဲ့ဝင် ကြွင်းကျန်ရစ်သောလက်ကျန် (၂၁) ဦးအစုကို အဖွဲ့တဖွဲ့အဖြစ် သတ်မှတ်ဖွဲ့စည်းပြီး တခြားအဖွဲ့ (၄) ဖွဲ့နှင့်ပေါင်းကာ “ငါးပွင့်ဆိုင်အဖွဲ့” အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့အားလုံးတို့သည် တခြမ်းပဲ့ မြန်မာပြည်နိုင်ငံရေးပါတီ အဖွဲ့များသာ ဖြစ်သည်။

“ငါးပွင့်ဆိုင်” အဖွဲ့ဝင်များမှာ-

  1. ဦးဘဖေရဲ့ ပြည်သူပြည်သားအဖွဲ့ လက်ကျန်နဲ့ ၂၁ ဦးနွယ်များ
  2. ဝတ်လုံ ဦးမောင်ကြီးရဲ့ မြန်မာပြည်လွတ်လပ်ရေးအဖွဲ့
  3. ရေဦးဆရာတော်ကြီးမှူးတဲ့ ဗဟို ဂျီစီဘီအေ (ဦးစု ဥက္ကဋ္ဌမဟုတ်တော့ဘဲ ဦးမြတ်သာဒွန်း ဥက္ကဋ္ဌဖြစ်လာသော ဂျီစီဘီအေ)
  4. ဝတ်လုံ ဦးဘစီ ခေါင်းဆောင်တဲ့ ဂျီစီဘီအေ (ယခင် ၂၁ ဦးမှ၊ နောက်ဗဟို ဂျီစီဘီအေ မှာပါ။ နောက် ဗဟို ဂျီစီဘီအေ မှ ခွဲထွက်ပြီး သပိတ်မှောက် ဂျီစီဘီအေ အဖြစ်ပါလာ။)
  5. မန္တလေး (၂၁) ဦးအဖွဲ့ (ယခင် ၂၁ ဦးနွယ်များ) ဖြစ်ပါတယ်။

ငါးပွင့်ဆိုင်အဖွဲ့ကို ဦးဘဖေမှ ဦးစီး ကြိုးပမ်း ဖွဲ့စည်းသော်လည်း ငါးပွင့်ဆိုင်ဥက္ကဋ္ဌအဖြစ် မန္တလေး (၂၁) ဦးအဖွဲ့က မင်းသားကြီး “ထိပ်တင်ဝ” ကို တင်မြှောက်လိုက်ကြသည်။ (၉၁) ဌာနရွေးကောက်ပွဲ (၁၉၃၆)ကျင်းပသောအခါ ငါးပွင့်ဆိုင်အဖွဲ့မှ အမတ်ဦးရေအများဆုံးအဖြစ်(အမတ် (၄၅) နေရာ) အနိုင်ရခဲ့သော်လည်း အဖွဲ့စတင်ဖွဲ့စည်းစဉ်ကပင် ရာထူးမက်သူများသာ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သောကြောင့် ရာထူးနေရာ အဝေ မတည့်ပဲ အစိုးရ ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အမတ်နေရာ (၁၆) နေရာသာရခဲ့သော ဒေါက်တာဘမော်က ဦးပု (ရမည်းသင်း)၊ ဦးပေါ်ထွန်းတို့နဲ့ပေါင်းကာ “ညွန့်ပေါင်းအစိုးရ” ဖွဲ့သွားနိုင်ခဲ့သည်။ ရွေးကောက်ပွဲပြီးသည်နှင့် တစ်ပြိုင်နက် ငါးပွင့်ဆိုင်အဖွဲသည်လည်း အပြိုပြိုအကွဲကွဲဖြစ်ကာ အချို့အဝက်က ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ အဖွဲ့အတွင်း ဝင်သွားပြီး ရာထူးရသူ၊ မရသူများလည်း အမျိုးမျိုးဖြစ်ပေါ်လာခဲ့ပါတယ်။

Remove ads

ကိုးကား

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။


Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads