ငြိမ်းချမ်းအောင် (ဘောလုံးသမား)

မြန်မာဘောလုံးသမား From Wikipedia, the free encyclopedia

Remove ads

ငြိမ်းချမ်းအောင်(၁၈ ဩဂုတ် ၁၉၉၆ ခုနှစ်) ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းတွင် အလယ်တန်းနေရာတွင် ကစားလျက်ရှိသည်။ သူကို မြစ်ကြီးနားမြို့ကချင်ပြည်နယ်တွင် မွေးဖွားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သူကို မြန်မာ အမျိုးသား ဘောလုံးအသင်းတွင် ကစားရန် ဖိတ်ခေါ်ခံခဲ့ရပြီး ပထမဆုံးကစားခဲ့သော ၂၀၁၄ AFC ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မော်လဒိုက်နိုင်ငံနှင့်ပွဲတွင် တစ်ဂိုးသွင်းခဲ့သည်။ နိုင်ငံလက်ရွေးစင် အသင်းများအဆင့်ဆင့်တွင် မကစားမှီ ပထမဆုံး မြန်မာ ယူ-၁၆ အသင်းတွင် AFF ယူ-၁၆ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်ကစားခဲ့သည်။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၀၁၄ AFC ယူ-၁၉ ချန်ပီယံရှစ်တွင် ငြိမ်းချမ်းအောင်သည် ၃ ဂိုး သွင်းယူခဲ့သည်။ သူကို ကီးပလေယာတစ်ယောက်အဖြစ် မှတ်ယူခံခဲ့ရပြီး မြန်မာအသင်းကို ဖီဖာ ယူ-၂၀ ကမ္ဘာဖလားသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ ကစားသမားများထဲတွင် သူသည် ထူးချွန်သော ကစားသမားတစ်ဦးဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မနေမြေအသင်းနှင့် စာချုပ်ချုပ်ခဲ့သည်။ ၂၀၁၄ နိုဝင်ဘာ ၁ ရက်နေ့တွင် သူသည် ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့ခဲ့သည်။

အချက်တိုများ ကိုယ်ရေးအချက်အလက်များ, အမည် အပြည့်အစုံ ...
Remove ads

ဂုဏ်ပြုဆုများ

  • 2014 Hassanal Bolkiah Trophy


ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads