ငွေကြေးဖောင်းပွခြင်း

From Wikipedia, the free encyclopedia

ငွေကြေးဖောင်းပွခြင်း
Remove ads

ဘောဂဗေဒ ဘာသာရပ်တွင် ငွေကြေးဖောင်းပွခြင်း၏ အဓိပ္ပာယ်မှာ အချိန်ကာလ တစ်ခုအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ယေဘူယျ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ယေဘူယျ ကုန်ဈေးနှုန်းများ မြင့်တက်လာသောအခါတွင် ငွေကြေးပမာဏ တစ်ခုသည် ပို၍နည်းသော ကုန်စည်များနှင့် ဝန်ဆောင်မှုများကိုသာ ဝယ်ယူနိုင်ပေတော့မည်။

Thumb
2019

ကုန်ဈေးနှုန်းတက်၍ ငွေ၏ဝယ်အား လျော့ပါးသွားရသည့်အခါ ငွေတန်ဖိုးကျလာသည်။ ထိုအခါ ငွေထုထည်၏ တန်ဖိုးသည် ကျစ်လျစ်သိပ်သည်းစွာ တန်ဖိုးမရှိတော့ဘဲ သူသည်သာ ဖောင်းပွလျက် တန်ဖိုးက မူကား နည်းပါးနေသည့် သဘောဖြင့် တင်စား၍ သုံးသည်။ ငွေများများနှင့် ပစ္စည်းနည်းနည်း ဝယ်နိုင်သည်ဟု ဆိုလိုသည်။ စစ်ပြီးကာလ၌ ကမ္ဘာ့နိုင်ငံပေါင်းများစွာသည် လုပ်ခနှုန်းတက်ခြင်း၊ ကုန်ပစ္စည်းထွက် ဆုတ်ယုတ်ခြင်း စသည်တို့ကြောင့် ငွေကြေးဖောင်းပွခြင်း ဖြစ်ခဲ့ကြရ၍ နည်းအမျိုးမျိုးနှင့် ဖြေရှင်းကြရသည်။ ကုန်ဈေးနှုန်းများမှာ စစ်မဖြစ်မီကထက် များစွာ တက်ကျန်ခဲ့လေသည်။ နိုင်ငံတိုင်းသည် မိမိတို့ငွေတန်ဖိုး ကျစ်လျစ်မြင့်တက်အောင် ကုန်ထုတ်လုပ်မှုကို အားသွန်ကြိုးစားကြသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads