စကားဇာစ်မြစ်ပညာရပ်
စကားလုံးများ၏ သမိုင်း၊မူလနှင့် အချိန်နှင့်အမျှ ပြောင်းလဲသောအဓိပ္ပါယ်၊ရေးထုံးကို လေ့လာခြ From Wikipedia, the free encyclopedia
Remove ads
စကားဇာစ်မြစ်ပညာရပ်
စကားတစ်လုံး၏ အရင်းအမြစ်ကို စစ်သော ပညာသည် အင်္ဂလိပ်ဘာသာဖြင့် အက်တီမော်လိုဂျီဟု မည်၏။ ထိုပညာမှာ စကားတလုံး၏အဓိပ္ပာယ် အမျိုးမျိုးပြောင်းလဲပုံ၊ အခြားဘာသာ စကားများနှင့် အဆက်အသွယ်ရှိပုံ၊ စကားလုံးများ တိုးတက် ပေါက်ပွားလာပုံ စသော စကားလုံး၏ သမိုင်းကို အရင်း အမြစ်မှ စ၍ လေ့လာခြင်းဖြစ်သည်။ ထိုပညာတွင် ဘာသာစကား ပညာရပ်လည်း အကျုံးဝင်၏။
စကားအရင်းအမြစ်ပညာမှာ ဆာဝီလျံဂျုန်းဆိုသူ (ခရစ် ၁၇၄၆-၁၇၉၄) ပညာရှိကြီးတစ်ဦးက ဥရောပတိုက်သို့ သက္ကဋဘာသာကို ယူဆောင်လာသောအခါ ကျမှ တိုးတက်လာသည်။ အက်တီမော်လိုဂျီပညာက စကား တစ်လုံး၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်းနှင့် ပြည့်ပြည့်စုံစုံ နားလည်နိုင်အောင် ကူညီ၏။ ထိုပြင် ခက်ခဲနက်နဲသော စကား လုံးနှင့် ရှည်လျားသောစကားလုံးတို့၏ အဓိပ္ပာယ်ကို ဖော်ရာ၌ လည်း ကူညီပေး၏။ ထိုကြောင့် ဘာသာစကား ကျွမ်းကျင်မှု တွင် အက်တီမော်လိုဂျီကို အထူးလေ့လာသင့်၏။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads