စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေ

From Wikipedia, the free encyclopedia

စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေ
Remove ads

စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေ သည် ၁၉၈၉၊ဇွန်လ၊ (၁၈) ရက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၁၅/၈၉) အဖြစ် ထုတ်ပြန်ခဲ့သော Union of Burma ဟူသည့် စကားရပ်အစား Union of Myanmar ဟု ပြောင်းလဲ ခေါ်ဆိုရန် ပြင်ဆင်သည့် ဥပဒေဖြစ်သည်။

Thumb
သတင်းစာ၌ ပါရှိသော ကြေညာချက်

ကြေညာချက်

ဤကြေညာချက်ကို ထုတ်ပြန်ရာတွင် ထိုစဉ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင် အမည်ဖြင့်ထုတ်ပြန်ခဲ့သည်။ ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဤဥပဒေကို စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
  2. အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေများပါ Union of Burma ဆိုသည့် စကားရပ်အစား Union of Myanmar ဆိုသည့် စကားရပ်ကိုလည်းကောင်း၊ Burma သို့ Burman သို့ Burmese ဆိုသည့် စကားရပ်အစား Myanmar ဆိုသည့် စကားရပ်ကိုလည်းကောင်း ထည့်သွင်းရမည်။
  3. (က) အင်္ဂလိပ်ဘာသာဖြင့် လက်ရှိရေးသား သုံးစွဲလျက်ရှိသည့် ပြည်နယ်၊ တိုင်း၊ မြို့နယ်စု၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သို့ ကျေးရွာတစ်ခုခု၏ အမည် အခေါ်အဝေါ်ကိုလည်းကောင်း၊ မြစ်ချောင်း၊ တောတောင် သို့ ကျွန်းတစ်ခုခု၏ အမည် အခေါ်အဝေါ်ကိုလည်းကောင်း မြန်မာအသံထွက်နှင့် ကိုက်ညီအောင် အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရေးသားရန် လိုအပ်လျှင် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်နိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ အစိုးရအဖွဲ့က ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် ပါရှိသည့် အမည်တစ်ခုခုသည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် ပါရှိနေလျှင် ယင်းအမည်ကို အဆိုပါ အမိန့်ကြော်ငြာစာတွင် အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရေးသား ထားသည့်အတိုင်း ပြင်ဆင်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads