စကိုင်းနက်
From Wikipedia, the free encyclopedia
Remove ads
စကိုင်းနက် (Sky Net) ဂြိုဟ်တုရုပ်သံလိုင်းသည် စကိုင်းနက် ရုပ်သံဖမ်းစက် (Sky Net set-top box) ဖြင့် ဖမ်းယူကြည့်ရှုနိုင်သော မြန်မာတစ်နိုင်ငံလုံးအတွက် အခပေးရုပ်သံလိုင်းဖြစ်ပြီး ရွှေသံလွင်မြန်မာမီဒီယာ ကုမ္ပဏီလီမိတက်မှ ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၁][၂] စကိုင်းနက် ဒီတီအိပ်ချ် ရုပ်သံလိုင်းများကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်တွင် စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှစတင်၍ ပုံမှန်အစီအစဉ်အဖြစ် ထုတ်လွှင့်ပြသခဲ့သည်။ အစောပိုင်းတွင် နိုင်ငံခြားမှ ရုပ်သံလိုင်းများ အပါအဝင် ရုပ်သံလိုင်းပေါင်း (၄၈) လိုင်း ဖြင့်စတင်ခဲ့ပြီး ယခုအခါတွင် ရုပ်သံလိုင်းပေါင်း (၁၁၄)အထိ တိုးချဲ့ထုတ်လွှင့်နိုင်ခဲ့သည်။ ယခုအခါတွင် နိုင်ငံတကာရုပ်သံလိုင်း နှင့် ကိုယ်ပိုင်ရုပ်သံလိုင်းအချို့ ကို ပိတ်သိမ်းခြင်း အသစ်ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့ကာ ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့အထိ စုစုပေါင်း ရုပ်သံလိုင်း ၇၂ လိုင်းကို အေပီစတား 7 ဂြိုဟ်တုမှ ထုတ်လွှင့်ပြသပေးလျက်ရှိသည်။
Remove ads
ကြည့်ရှုနိုင်သောရုပ်သံလိုင်းများ
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads