စကု ရုပ်စုံကျောင်း

From Wikipedia, the free encyclopedia

Remove ads

စကု ရုပ်စုံကျောင်း သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်စကုမြို့နယ် မင်းဘူး-ဆင်ဖြူကျွန်း ကားလမ်းအနီးတွင် တည်ရှိသော ရှေးဟောင်း မှန်ကင်းရုပ်စုံကျောင်းဖြစ်သည်။ ရှေးဟောင်း မှန်ကင်းရုပ်စုံကျောင်းသည် နှစ်ပေါင်း ၁၃၉-နှစ်ခန့် ရှိပြီ ဖြစ်သည်။ မှန်ကင်းရုပ်စုံကျောင်းကို စလင်းသူကောင်းမျိုးများ ဖြစ်ကြသော မြို့ဝန်မင်း ဦးဆိုင် နှင့် ဒေါ်ငွေတို့မှ မြန်မာသက္ကရာဇ် ၁၂၄၂-ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ပြီး တိုင်အလုံးပေါင်း ၁၃၆ လုံး ရှိ၍ မြန်မာမှုဗိသုကာ သစ်သားပန်းပု လက်ရာများကို တွေ့ရသည်။ အုတ်လှေကား သုံးစင်း တပ်ဆင်ထားကာ ပြဿဒ်ဆောင်၊ စနုဆောင်နှင့် ဆောင်မကြီးတို့ ပါရှိသည်။ ရှေးခေတ် စကုမြို့ဝန်၊ မြို့သူကြီးတို့ တည်ဆောက် ကိုးကွယ်ခဲ့သော လေးထပ်ကျောင်း၊ သုံးထပ်ကျောင်း၊ မှန်ကင်းကျောင်း၊ ကန်ဦးကျောင်းစသည့် ကျောင်းကြီးများတွင် ဇာတ်နိပါတ်တော်များ ကို သရုပ်ဖော်ပြသထားသော ရှေးမြန်မာပန်းပုလက်ရာများ ရှိသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads