စကြာဒေဝီဂူပြာသာဒ်

From Wikipedia, the free encyclopedia

Remove ads

ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းကြီး၏ မိဖုရားခေါင်ကြီးစကြာဒေဝီ၏ ဂူပြာသာဒ်ဖြစ်သည်။ မင်းတုန်းမင်းကြီး တည်ဆောက်ခဲ့သည်။

တည်နေရာ

မြနန်းစံကျော်ရွှေနန်းတော်ကြီး အရှေ့မြောက်ဘက် အတွင်းမြို့ရိုးအတွင်း ရတနာပုံနန်းမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့တွင် တည်ရှိသည်။ အရှေ့ဘက်တွင် သစ်တပ်အတွင်းမြို့ရိုး၊ လပခ စခန်းရုံးနှင့် ဒင်္ဂါးစက်ရုံ၊ အနောက်ဘက်တွင် နန္ဒဝန်ဥယျာဉ်တော်၊ တောင်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတော်ကြီး၊ မြောက်ဘက်တွင် စစ်အကျဉ်းထောင်စခန်းဟောင်းတို့ တည်ရှိသည်။

ခေတ်ကာလ

ရတနာပုံခေတ်လက်ရာ ဂူပြာသာဒ်ဖြစ်သည်။

ထူးခြားချက်

ပဉ္စမသင်္ဂါယနာတင် ရတနာပုံမြို့တည်နန်းတည် ဘဝရှင်မင်းတုန်းမင်၏ မိဖုရားခေါင်ကြီး၏ အုတ်ဂူပြာသာဒ်ဖြစ်သည်။

Remove ads

သမိုင်းအကျဉ်း

စကြာဒေဝီမိဖုရားခေါင်ကြီးသည် သာယာဝတီမင်းကြီး၏ သမီးတော် တစ်ပင်တိုင်မင်းသမီးဖြစ်ပြီး လောကီ လောကုတ္တရာ၊ ဗေဒင်၊ နက္ခတ်ပညာများကို တတ်ကျွမ်းသည့် ပညာရှိမင်းသမီးတစ်ပါးဖြစ်သည်။ ပုဂံမင်းလက်ထက် တိုင်းပြည်အခြေအနေဆိုးဝါးနေချိန်တွင် မင်းတုန်းမင်းအား ထီးနန်းရရှိရေးအတွက် ဗေဒင်ကိန်းခန်းအရ အကြံပေးညွှန်ကြားခဲ့သူလည်း ဖြစ်သည်။ မင်းတုန်းမင်းကြီး ဘုရင်အဖြစ် ထီးနန်းရသောအခါ မိဖုရားခေါင်ကြီးအဖြစ် မြှောက်စားခံရပြီး တိုင်းပြည်ရေးရာနှင့် ဘာသာရေး၊ လူမှုရေးကိစ္စများတွင် မင်းတုန်းမင်းကြီးအား အကြံပေးရသူ၊ မင်းတုန်းမင်းကြီး ချစ်ခင်ရိုသေလေးစားရသူလည်း ဖြစ်သည်။ သက္ကရာဇ် ၁၂၃၈ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၂ ရက်၊ တနင်္ဂနွေနေ့ (၁၂-၁၁-၁၈၇၆) တွင် စကြာဒေဝီမိဖုရားခေါင်ကြီး နတ်ပြည်စံသည်။ ခေါင်းတော်ကို ရွှေသား ၃၀ ရက်စီ သလွန်ပေါ်တွင် ထီးဖြူရှစ်စင်းမိုးလျက် မြေနန်းတော်ကြီး၏ အရှေ့မြောက်ဘက် ဥယျာဉ်တော် ရွှေပြည်ဥယျာဉ်တော်အတွင်း အုတ်ဂူပြာသာဒ်သွင်း၍ သင်္ဂြိုဟ်ထားခဲ့သည်။

အမျိုးအစား

အုတ်အင်္ဂတေဖြင့်တည်ဆောက်ထားသော ဘုံခုနှစ်ဆင့်ပြာသာဒ်ဖြစ်သည်။

လက်ရှိအခြေအနေ

စကြာဒေဝီဂူပြာသာဒ်သည် ပန္နက်ခုံအမြင့်ပေါ်တွင်တည်ဆောက်ထားသည့် ဘုံခုနှစ်ဆင့်အုတ်ပြာသာဒ်ဖြစ်သည်။ လေးမျက်နှာတွင် မုခ်ကပ်များ တပ်ဆင်ထားပြီး စိန်တောင်များ၊ မုခ်တံကဲများဖြင့် ရတနာပုံခေတ်လက်ရာကို ပီပြင်စွာ လေ့လာတွေ့ရှိနိုင်သည်။

[]

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads