စစ်တကောင်းမြို့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယ မြို့တော် From Wikipedia, the free encyclopedia

စစ်တကောင်းမြို့
Remove ads

စစ်တကောင်းမြို့ သည် ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး၊ ပင်လယ်ဆိပ်ကမ်း မြို့ ဖြစ်သည်။ ထိုမြို့၏ အမည်သည် ရခိုင်ဝေါဟာရ ဖြစ်ပြီး၊ စစ်၏အဦးအဖျားဟု အဓိပ္ပာယ်ရသည်။ ရခိုင်ပြည်ကျောက်စာများတွင် တွေ့ရသော ကုလားတွင်း စစ်ချီဟူသည့် ဝေါဟာရမှာ စစ်တကောင်းအပါအဝင် ဘင်္ဂလားဒေသတစ်ခွင်ကို စစ်ချီကြောင်း ဆိုလိုသည်။ ထို့ကြောင်း စစ်တကောင်းမြို့ အမည်သည် ဘင်္ဂလားကို တိုက်ခိုက်သိမ်းပိုက်သော ရခိုင်ဘုရင်များ၏ စစ်ပွဲများနှင့် ဆက်စပ်နေသည်။ ရခိုင်သမိုင်း အထောက်အထားများအရ စစ်တကောင်းမြို့ပါဝင်သော ဘင်္ဂလားဒေသကို ဝေသာလီခေတ် ရခိုင်ဘုရင် မဟာတိုင်းစန္ဒြားမင်းကြီး၏ သားတော် အိမ်ရှေ့မင်း သူရိယစန္ဒြားက သိမ်းပိုက်ခဲ့သည်။ ဝေသာလီ နောက်ဆုံးမင်းဆက် စူဠစန္ဒြားသည် ဘင်္ဂလားကို စစ်ထိုးစဉ်၊ ပညာရှိများ လျှောက်ထားချက်အရ စစ်မထိုးပဲ ရခိုင်ပြည်သို့ ပြန်လာကြောင်း၊ စစ်မတိုက်ကောင်းဟု ပညာရှိတို့ ပြောစကားမှ စစ်တကောင်းဖြစ်လာကြောင်း ဖြင့်လည်း၊ ငမဲရာဇဝင်က ပြဆိုသည်။ စစ်တကောင်းမြို့သည် ဝေသာလီကို ဆက်ခံသော လေးမြို့ခေတ်နှင့် မြောက်ဦးခေတ် တို့တွင် ရခိုင်ဘုရင့်နိုင်ငံ၏ ပိုင်နက် နယ်မြေ ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တစ်မြို့ ဖြစ်နေစေကာမူ မူရင်း ရခိုင်အမည် ဖြစ်သော စစ်တကောင်း အမည်တွင်နေခြင်း ဖြစ်သည်။

Thumb
စစ်တကောင်းမြို့ မြင်ကွင်း
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads