စစ်တောင်းမြစ်

မြန်မာနိုင်ငံရှိ မြစ် From Wikipedia, the free encyclopedia

စစ်တောင်းမြစ်map
Remove ads

စစ်တောင်းမြစ်သည် ရှမ်းကုန်းမြင့်ဒေသ၏တောင်ဘက်စွန်းတွင် စတင်မြစ်ဖျားခံကာ ပဲခူးတိုင်းကို ဖြတ်သန်းစီးဆင်း၍ မုတ္တမကွေ့ထဲမှ ဘင်္ဂလားပင်လယ်အတွင်းသို့ စီးဝင်သည်။ အရှည်အားဖြင့် ၂၆၁မိုင် (၄၂၀ကီလိုမီတာ) ရှိပြီး အနောက်ဘက် ပဲခူးရိုးမနှင့် အရှေ့ဘက် ရှမ်းရိုးမတို့ကြားရှိ မြေနိမ့်လွင်ပြင်ဒေသတွင် စီးဆင်းသည်။

အချက်တိုများ စစ်တောင်းမြစ်, နိုင်ငံ ...

မြန်မာနိုင်ငံတွင် ၄ခုမြောက်အရှည်ဆုံးမြစ်ဖြစ်သည်။ ရွှေကျင်မြစ်၊သားပြချောင်းတို့သည်စစ်တောင်းမြစ်အတွင်းသို့စီးဝင်သည်။ ရွှေကျင် မဒေါက် ကွမ်းဆိပ် သိမ်ဇရပ်တို့ကိုပြေးဆွဲနေသော စက်လှေများရှိသည်။ ကားလမ်းများမပေါ်ခင်က မွန်ပြည်နယ်နှင့်ပဲခူးတိုင်းကိုဆက်သွယ်ရာတွင် အထူးအရေးပါခဲ့သည်။ ကွမ်းဆိပ်သည် ထင်ရှားသော စစ်တောင်းမြစ်ကမ်းရွာကြီးတစ်ရွာဖြစ်သည်။

ထူးခြားထင်ရှားသည့်အချက်မှာစစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တစ်နှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တစ်နှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်သည်။ ရေစီးသန်၍ နုန်းမြေပို့ချမှုနည်းပါးသောကြောင့် စစ်တောင်းမြစ်သည် စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူမပေးနိုင်ပေ။ သို့သော် ပဲခူးရိုးမမှ ထွက်ရှိသော သစ်လုံးများကို မျှောချတင်ပို့ရာတွင် အသုံးချကြသည်။

Remove ads

ဆက်သွယ်ရေး

သွားလာဆက်သွယ်ရေး လွယ်ကူစေရန် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တူးမြောင်းရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ဘက်ကရင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် ဆက်သွယ်သွားလာရေးအတွက် တည်ဆောက်ထားသည့် စစ်တောင်းတံတားလည်းရှိသည်။

မြစ်ကြောင်းတစ်လျှောက် မြို့များ

[]

ရည်ညွှန်းကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads