စစ်တွေမြို့
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ မြို့တော် From Wikipedia, the free encyclopedia
Remove ads
စစ်တွေမြို့ (အင်္ဂလိပ်: Sittwe )၊ (ရခိုင်: စိုက်တွေ)၊ (Akyab၊ အာကျပ်) သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ စစ်တွေခရိုင်နှင့် စစ်တွေမြို့နယ်၏ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ စစ်တွေမြို့သည့် မြန်မာနိုင်ငံရှိ လူဦးရေအများဆုံးမြို့အဖြစ် အဆင့် ၁၀ တွင်ရှိသည်။
Remove ads
Remove ads
သမိုင်းအကျဉ်း
ရခိုင်ဘုရင်များလက်ထက်က စစ်တွေကျွန်းမှာ ဘုရင့်ရေတပ်မတော်မှ စစ်သည်များ၊ စစ်ကဲများ စခန်းချသည့်နေရာဖြစ်ခဲ့သည်။ ဗြိတိသျှတို့သည် (၁၈၂၆) ခုနှစ်တွင် ရခိုင်ဒေသကို သိမ်းပိုက် ပြီးနောက် မြောက်ဦးမြို့တွင် အုပ်ချုပ်ရေးအခြေပြုခဲ့ရာ ရာသီဥတုမညီမျှ၍ ရေမြေကောင်းမွန်ပြီး စစ်ရေးစစ်ရာအချက်အချာကျသော ကုလားတန်မြစ်ဝနေရာသို့ ပြောင်းရွေ့အခြေစိုက်ခဲ့ခြင်း ဖြစ်သည်။[၂] ယခင်ဘုရင်များလက်ထက်က စစ်တပ်များချခဲ့ရာအရပ်ဖြစ်၍ မူလစစ်တဲဆိုသောဝေါဟာရမှ စစ်တေး၊ ထိုမှ စစ်တွေဟုပြောင်းလဲလာခြင်းဖြစ်ကြောင်းဆိုကြသည်။ တဖန် စစ်တွေမြို့၏ အနောက်ဘက် (၂)မိုင်ခန့်အကွာတွင် အံတော်ဓာတ်ကိန်းဝပ်သည့် စေတီတော်ရှိသည်။ အံတော်ဓာတ်စေတီကို အစွဲပြု၍ အံကျိန်းမှ အာကျိတ်၊ အာကျိတ်မှ အာကျပ်ဟု ပြောင်းလဲလာသည်ဟုဆိုကြသည်။ အင်္ဂလိပ်တို့က စစ်တွေမြို့ကို (Akyab) အာကျပ်ဟုခေါ်ခဲ့ကြသည်။ ရခိုင်တို့ကမူ စစ်တွေမြို့ဟုသာခေါ်ကြသည်။
Remove ads
ပထဝီဝင်အနေအထားနှင့် ရာသီဥတု
စစ်တွေမြို့သည် မြောက်လတ္တီတွဒ် ၂၀° ၈' အရှေ့လောင်ဂျီတွဒ် မှ ၉၂° ၅၄' အကြားတည်ရှိသည်။ မြို့အကျယ်အဝန်းမှာ ၂၃၁.၆ စတုရန်းကီလိုမီတာ (၈၉.၄၂ စတုရန်းမိုင်) ဧကရှိသည်။ ရပ်ကွက် (၃၂)ခု ရှိသည်။ စစ်တွေမြို့၏ အရှေ့ဘက်တွင် ပေါက်တောမြို့နယ်နှင့် ကုလားတန်မြစ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ရသေ့တောင်မြို့နယ်၊ မြောက်ဘက်တွင် ကြွီတဲမြစ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိကြသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှ (၁၅)ပေမြင့်သည်။ တောင်ကုန်းများမရှိဘဲ မြစ်ချောင်း၊ အင်းအိုင်ပေါများကာ မြေမျက်နှာသွင်ပြင်ညီညာသည်။ ပင်လယ်ကမ်းခြေဒေသဖြစ်သည်။
စစ်တွေမြို့၏ ရာသီဥတုမှ အောက်ပါအတိုင်းဖြစ်သည်။
Remove ads
လမ်းပန်းဆက်သွယ်ရေး
စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ ကုန်းလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းများဖြင့် ဒေသအသီးသီးသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည်။
စစ်တွေလေဆိပ်သည် ရခိုင်ပြည်နယ်၏အဓိကလေဆိပ်ဖြစ်ပြီး ရန်ကုန်မြို့၊ အမ်းမြို့၊ ကျောက်ဖြူမြို့၊ သံတွဲမြို့၊ မကွေးမြို့၊မာန်အောင်မြို့တို့နှင့် လေကြောင်းခရီးဖြင့် ချိတ်ဆက်သွား လာနိုင်သည်။ ထို့ပြင်စစ်တွေလေဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ အဓိကဝင်ရောက်ရာလေဆိပ်လည်းဖြစ်သည်။
စစ်တွေ−ရန်ကုန်ကားလမ်းသည် (၅၃၄.၃)မိုင် ရှည်လျားပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းမြို့များကို ဖြတ်သွားသည်။ ကတ္တရာလမ်းဖြစ်ပြီး ရာသီမရွေးသွားလာ နိုင်သည်။ အမ်း−မင်းဘူးမှတဆင့် ရိုးမအရှေ့ဘက်ခြမ်း မြန်မာနိုင်ငံ ဒေသအသီးသီးသို့ သွားလာနိုင်သည်။ ထို့ပြင် အမ်းမှတဆင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ သံတွဲ၊ ကျိန္တလီ၊ ဂွ နှင့် တောင်ကုတ်မြို့များ သို့သွားရောက်နိုင်သည်။
ရေကြောင်းခရီးဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး အပါအဝင်မြို့နယ်အားလုံးသို့သွား ရောက်နိုင်သည်။ ကုလားတန်မြစ်ဝတွင်တည်ရှိ၍ စစ်တွေမြို့တွင် စစ်တွေဆိပ်ကမ်း၊ ရွှေမင်းဂံဆိပ်ကမ်း၊ ဆတ်ရိုးကျဆိပ်ကမ်းများတည်ရှိသည်။ စစ်တွေဆိပ်ကမ်းမှာ နိုင်ငံတကာပင်လယ်ဆိပ်ကမ်းဖြစ်ပြီး နိုင်ငံတကာကုန်တင်သင်္ဘောများ၊ ကမ်းရိုးတန်းသွား ခရီးသည်နှင့်ကုန်တင်သင်္ဘောများ ဆိုက်ကပ်ကြသည်။ ရွှေမင်းဂံဆိပ်ကမ်းမှာ နယ်စပ်ဒေသပို့ကုန်နှင့် သွင်းကုန်များတင်ပို့ရာဆိပ်ကမ်းဖြစ်သည်။ ဆတ်ရိုးကျချောင်း အတွင်းရှိ ဆိပ်ကမ်းများတွင် မြို့နယ်ဒေသအသီးသီးမှ ခရီးသည်နှင့်ကုန်တင် သင်္ဘေများလာရောက်ဆိုက်ကပ်ကြသည်။ ဆတ်ရိုးကျချောင်းအတွင်းတွင် စစ်တွေသင်္ဘောကျင်းတည်ရှိသည်။
လူနေထိုင်မှု
စစ်တွေမြို့သည် မြန်မာနိုင်ငံရှိ လူဦးရေးအများဆုံးမြို့ အဖြစ် အဆင့် ၁၀ တွင်ရှိသည်။ စစ်တွေမြို့ရှိ လူဦးရေးမှ ၁၄၇,၈၉၉ ဖြစ်သည်။[၁] အများစုမှ ရခိုင်လူမျိုး ဖြစ်ပြီး ဒုတိယ အများဆုံးမှ ရိုဟင်ဂျာလူမျိုး ဖြစ်သည် ဗမာ၊ ချင်၊ ကမန်၊ မရမာကြီးနှင့် အခြားသော လူမျိုးများ လည်း နေထိုင် ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ် ကြပြီး ဒုတိယအများဆုံးမှ အစ္စလာမ်ဘာသာ ဖြစ်သည်။ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများ လည်းရှိသည်။
Remove ads
စီးပွားရေး
စစ်တွေမြို့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့်မြို့ဖြစ်ပြီး ကုန်သွယ်ရောင်းဝယ်မှု စည်ကားသောမြို့ဖြစ်သည်။ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ကုန်စည်များ ဝင်ရောက်ရာမြို့ဖြစ်သလို ကုန်စည်များစီးဆင်းရာမြို့လည်းဖြစ်သည်။ မြို့နယ်လူများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သည်ပွဲစားလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေငံပုစွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ စစ်တွေမြို့တွင် ဆန်စက်ကြီးများ၊ ငါး၊ ပုစွန် ကုန်ဝယ်ဒိုင်များ၊ အအေးခန်းစက်ရုံများ၊ ရေခဲစက်ရုံများတည်ရှိသည်။ ငါးပုစွန်များနှင့်လယ်ယာထွက်ကုန်များကို ရွှေမင်းဂံဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ရေကြောင်းမှတိုက်ရိုက်တင်ပို့သည်။
ဘဏ်များအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ အင်းဝဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ဧရာဝတီဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ စီဘီဘဏ်များရှိပြီး ငွေကြေးဝန်ဆောင်မူလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Remove ads
ပညာရေး
စစ်တွေမြို့တွင် အခြေခံပညာရေး အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ တည်ရှိသည်။
အဆင့်မြင့်ပညာရေး အနေဖြင့် စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်၊ စစ်တွေကွန်ပျူတာတက္ကသိုလ် တို့တည်ရှိသည်။ ထို့ပြင် လက်မှုပညာသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုရက္ကန်းကျောင်းများလည်းရှိသည်။ [၆]
ကျန်းမာရေး
စစ်တွေမြို့ရှိဆေးရုံများ
- စစ်တွေပြည်သူဆေးရုံ
- စစ်တွေ အထွေအထွေရောဂါကု ဆေးရုံကြီး ကုတင် (၅၀၀)[၇]
- တိုင်းရင်းဆေးရုံ(စစ်တွေ)
အားကစား
စစ်တွေမြို့တွင် လူဝင်ဆံ့မှု ၇,၀၀၀ ရှိသည့် ဓညဝတီ အားကစားကွင်းနှင့် ဝေသာလီ အားကစားကွင်း ရှိသည်။
မြို့ခံအသင် ရခိုင်ယူနိုက်တက် ဘောလုံးအသင်းသည့် မြန်မာ နေရှင်နယ် လိဂ်တွင် ကစားနေသည့် အသင်း ဖြစ်ပြီး။ အိမ်ကွင်းမှ ဝေသာလီ အားကစားကွင်းဖြစ်သည်။
အထင်ကရနေရာများ
- ဦးဥတ္တမပန်းခြံ
- ယဉ်ကျေးမှုပြတိုက်
- ဗျူးပွိုင့်
- ရွှေစေတီ ဘုန်းကြီးကျောင်း
- လောကနန္ဒာစေတီ (စစ်တွေ)
- လက်ဝဲသလုံးတော်ဓာတ်စေတီ
- ဗုဒ္ဓပြတိုက်
- အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး
- ကမ္ဘာ့ဗုဒ္ဓသာသနာ့ အာဇာနည် ဂုရု ဂုရု မဟာဂုရု အသျှင် စနြွမဏိ ဗိမာန်တော်
- ရွှေနှလုံတော် ကက်သလစ်ဘုရားကျောင်း (စစ်တွေ)
- ဦးရဲကျော်သူကျောင်းတိုက်
- အင်္ဂလန်ဘုရင်မကြီးဆီက မွေးနေ့လက်ဆောင်၊ စစ်တွေနာရီစင်
- မြို့မဈေးကြီး စစ်တွေ
- စစ်တွေတက္ကသိုလ် ကျောင်းဝင်းဟောင်း
- အ.ထ.က(၂)စစ်တွေ
ထင်ရှားသော ပုဂ္ဂိုလ်များ
- ဆရာတော် ဦးဥတ္တမ
- ဗိုလ်ချုပ်ထွန်းမြတ်နိုင် - ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ်
- ဦးချန်ထွန်း - ဥပဒေပါရဂူ
- ဦးမေအောင် - ကိုလိုနီခေတ်ပြည်ထဲရေး ဝန်ကြီး
ဓာတ်ပုံများ
- ရွှေစေတီ ဘုန်းကြီးကျောင်း
- လောကနန္ဒာစေတီ (စစ်တွေ)
- အဓိကလမ်း
- ဗျူးပွိုင့်(စစ်တွေ)
- စစ်တွေကမ်းနား
- စစ်တွေနာရီစင်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads