စစ်အစိုးရ

စစ်အုပ်ချုပ်ရေးအကြောင်း From Wikipedia, the free encyclopedia

Remove ads

စစ်အုပ်ချုပ်ရေး သိုမဟုတ် စစ်အစိုးရဆိုသည်မှာ အစိုးရကိုစစ်တပ်ကဦးဆောင်၍ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ တိုင်းပြည်ကိုအုပ်ချုပ်ခြင်းဖြစ်သည်။[] စစ်အုပ်ချုပ်ရေးအမျိုးအစားတို့မှာ အောက်ပါအတိုင်းဖြစ်ကြသည်။

  • စစ်တပ်မှနယ်မြေသိမ်းပိုက်မှု (Military Occupation) – စစ်တိုက်ပွဲတွင်အနိုင်ရထားသည့် နယ်မြေများအား အုပ်ချုပ်ခြင်း
  • မာရှယ်လော (Martial Law) – မိမိတိုင်းပြည်ကိုအစိုးရကိုယ်စား ခေတ္တအုပ်ချုပ်ခြင်း
  • စစ်အာဏာရှင်စနစ် (Military Dictatorship) – စစ်တပ်၏ရာထူးကြီးဗိုလ်ချုပ်သည် အာဏာရှင်စနစ်ကဲ့သို့ အုပ်ချုပ်ခြင်း
  • စစ်တပ်အဖွဲ့အစည်းစနစ် (Military Junta) – စစ်တပ်မှအဖွဲ့အစည်းတစ်ခုဖွဲ့၍ တိုင်းပြည်ကိုအုပ်ချုပ်ခြင်း
  • စတရာတိုကရေစီ (Stratocracy) – စစ်တပ်မှတရားဝင်ဥပဒေဖြင့် အုပ်ချုပ်ခြင်း

စစ်အစိုးရကို တစ်ခါတစ်ရံ "Military Regime" ဟုခေါ်ဆိုလေ့ရှိသည်။ Military Regime နှင့်ပတ်သက်၍ "Military" ဆိုသည်မှာ "စစ်၊ တပ်မတော်" ဆိုသည့်အဓိပ္ပာယ်ကိုဖော်ဆောင်ပြီး "Regime" ကို Oxford အဘိဓာန်တွင် "a method or system of government, especially one that has not been elected in a fair way" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ Regime ဆိုသည်မှာ "အစိုးရစနစ် တစ်မျိုး၊ အစိုးရတစ်ရပ်" ဟူ၍လည်း ဖွင့်ဆိုနိုင်သည်။ Military Regime ဆိုသည်မှာ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင် မြှောက်ခံအစိုးရတစ်ရပ် အုပ်ချုပ်သည့်စနစ်မဟုတ်ဘဲ၊ အခြေအနေ တစ်ရပ်ရပ်ကြောင့် တက်ရောက်အုပ်ချုပ်လာသည့် စစ်အစိုးရတစ်ရပ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

Remove ads

အခြားကြည့်ရန်

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads