စနေဂြိုဟ်၏ ဂြိုဟ်ရံလများ

စနေဂြိုဟ်၏ သဘာဝအ‌လျှောက် ဖြစ်ပေါ်သော ဂြိုဟ်ရံလ From Wikipedia, the free encyclopedia

စနေဂြိုဟ်၏ ဂြိုဟ်ရံလများ
Remove ads

စနေဂြိုဟ်၏ ဂြိုဟ်ရံလများ များသည် များပြား ကွဲပြားကြပြီး[] ၁ ကီလိုမီတာအောက် ငယ်သော လကလေး (moonlet) မှသည် မာကျူရီဂြိုဟ်ထက် ပိုကြီးသည့် တိုက်တန်အထိ ရှိကြသည်။ စနေဂြိုဟ်၌ အတည်ပြုပြီး ဂြိုဟ်ပတ်လမ်းကြောင်းရှိ ဂြိုဟ်ရံလပေါင်း ၈၃ စင်းရှိပြီး[] ကျန်သော ၅၃ စင်းမှာမူ အမည်သတ်မှတ်ထားသော်လည်း ၁၃ စင်းမှာ ၅၀ ကီလိုမီတာကျော်ခန့်သာ ကြီးမားကြသည်။ ယင်းတို့၏ ပတ်လမ်းကြောင်းများသည် ရှုပ်ထွေးလှသည်။[][] စနေဂြိုဟ်၏ သိသာထင်ရှားသော ဂြိုဟ်ရံလများမှာ တိုက်တန်ဖြစ်ပြီး ဂျူပီတာဂြိုဟ်ဂျန်နမိတ်ပြီးလျင် နေအဖွဲ့အစည်း၌ ဒုတိယအကြီးဆုံး လတစ်စင်းဖြစ်သည်။ ယင်းဂြိုဟ်ရံလတွင် နိုက်ထရိုဂျင်ကြွယ်ဝသည့် ကမ္ဘာမြေကဲ့သို့ လေထုတည်ရှိပြီး မြစ်ချောင်းများကဲ့သို့ မြေမျက်နှာသွင် တည်ရှိကာ ဟိုက်ဒရိုကာဗွန် အင်းအိုင် တည်ရှိသည်။ ဤကဲ့သို့သော သွင်ပြင်လက္ခဏာများကို နေအဖွဲ့အစည်း၏ မည်သည့်နေရာတွင်မှ မတွေ့ရပေ။[] အန်ဆဲလ်ဒပ်စ် ၏ ဓာတုဖွဲ့စည်းပုံမှာ ကြယ်တံခွန်များ၏ ဓာတုဖွဲ့စည်းပုံနှင့် ဆင်တူသည်။[] အန်ဆဲလ်ဒပ်စ်သည် ဓာတ်ငွေ့နှင့် ဖုန်မှုန်များကို ပန်းထုတ်နေသောကြောင့် တောင်ဝင်ရိုးစွန်းဒေသ၏ အောက်ခြေ၌ ရေတည်ရှိသည်ဆိုသည်အား ညွန်ပြနေသည်။ ယင်းအချက်သည် မြေမျက်နှာပြင်အောက်ခြေ၌ သမုဒ္ဒရာ တည်ရှိနိုင်ကောင်း၏။[]

စနေဂြိုဟ် ကွင်းစနစ်နှင့် ယင်း၏ဂြိုဟ်ရံလတို့အား အနုပညာရှင်မှ စိတ်ကူးပုံဖော်ထားပုံ
Thumb
Saturn, its rings and major icy moons—from Mimas to Rhea
Thumb
Images of several moons of Saturn. From left to right: Mimas, Enceladus, Tethys, Dione, Rhea; Titan in the background; Iapetus (top right) and irregularly shaped Hyperion (bottom right). Some small moons are also shown. All to scale.

စနေဂြိုဟ်၏ ဂြိုဟ်ရံလ ၂၄ စင်းသည် ပုံမှန် ဂြိုဟ်ရံလများဖြစ်ပြီး[] ကျန်သော ၅၈ စင်းမှာ ပုံမှန်မဟုတ်သော ဂြိုဟ်ရံလများ ဖြစ်ကြသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads