စန္ဒသတိဿရာဇာ
From Wikipedia, the free encyclopedia
Remove ads
စန္ဒသတိဿရာဇာ သည် မြောက်ဦးနေပြည်တော်ကို ၁၇၇၇ ခုနှစ် မှ ၁၇၈၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။ အမည်အရင်မှ အောင်စုံ ဖြစ်သည်။
Remove ads
အစောပိုင်းဘဝ
စန္ဒသတိဿရာဇာကို ၁၇၂၇ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၀၈၈/၈၉ ရမ်းဗြဲကျွန်း တွင် မွေးဖွားခဲ့သည်။ အမည်အရင်မှ အောင်စုံ ဖြစ်သည်။
ရခိုင်ရာဇဝင်များ အရ ၁၇၇၄ ခုနှစ်တွင် ရမ်းဗြဲကျွန်းရှိ ရွာဆယ့်နှစ်ရွာသည် စန္ဒသုမနရာဇမင်းကြီး တိုမြင်ချမှတ်သော အခွန်များကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ သူပုန်များကို အစပိုင်းတွင် ဗိုလ်ချုပ်လေးဦးဖြစ်သည့် စနေဖြူ၊ လာဖြူ၊ မောင်ထွေးနှင့် အောင်စုံ (စန္ဒာသတိသာ)တို့က ဦးဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် အောင်စုံသည် အခြားသူများကိုဖယ်ရှားပြီး တစ်ဦးတည်း တပ်တော်ကို အုပ်ချုပ်ခဲ့သည်။
၁၇၇၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စန္ဒသုမနရာဇသည် မာန်အောင်ကျွန်းသားများနှင့် ပူးပေါင်းခဲ့သော သူပုန်များကို ချေမှုန်းရန်အတွက် ဗိုလ်ချုပ် အာနန္ဒာ သီရိကီယောတင်နှင့် စစ်ဗိုလ်ကြီးများကို စေလွှတ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးများသည် ရှုံးနိမ့်ပြီး နောက်ဆုတ်ခဲ့ရသည်။ ၁၇၇၇ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် သူပုန်ခေါင်းဆောင် ပိုးရွှေ နှင့် ဒုဝီ တို့က ဘုရင်ကို ဖြုတ်ချခဲ့သည်။ နောက်တစ်နေ့တွင် ပိုးရွှေသည် ဒုတိယစန္ဒာဝိမလအဖြစ် နန်းတင်ခဲ့သည်။
ထိုနှစ်တွင် သံတွဲမြို့ခံ ဗထော်က အောင်စုံအား ရခိုင်ပြည်ကို သိမ်းပိုက်အုပ်ချုပ်ရန် တောင်းဆိုခဲ့သည်။ အောင်စုံက သဘောတူပြီး မေလ ၂၅ ရက်မှာ သူ့တပ်က မြောက်ဦးမြို့နားကို ရောက်လာပြီး တပ်စခန်းချခဲပြီ။ စန္ဒာဝိမလ ၂ သည် ကျူးကျော်သူများကို တိုက်ရန် စေလွှတ်ခဲ့သော်လည်း ၎င်း၏စစ်တပ်သည် ရှုံးနိမ့်ကာ ဆုံးရှုံးမှုများစွာ ကြုံတွေခဲရသည်။ ရှစ်သောင်းဘုရားသို့ ခိုလှုံထွက်ပြေးပြီး နောက်ပိုင်းတွင် ဘုန်းကြီးဝတ်ခဲ့သည်။
အောင်စုံသည် ၁၇၇၇ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် မြောက်ဦးမြို့ကို သိမ်းပိုက်ပြီး စန္ဒသတိဿရာဇာ (စန္ဒသတိဿရာဇာ) အဖြစ် ထီးနန်းရယူခဲ့သည်။ မိဖုရားကြီးမှာ စိန်ခိုင်ဖြစ်ပြီး သက်စံရွှေက အိမ်ရှေ့မင်းသား ဖြစ်လာသည်။
Remove ads
ဘုရင်ဘဝ
စန္ဒသတိဿရာဇာသည် ၅ ဇွန် ၁၇၇၇ – ၂ နိုဝင်ဘာ ၁၇၈၂ အထိ မြောက်ဦးနေပြည်တော်ကို အုပ်ချုပ်ခဲသည်။ တော်လှန်ပုန်ကန်မှု နှစ်ဆယ့်ငါးခုကို ချေမှုန်းခဲသည်။ ပုန်ကန်သူတွေကို တိုက်ခိုင် စစ်ဆင်ရေးတွင် အောင်မြင်ခဲ့ပေမယ့် ဆူပူအုံကြွမှုကို လုံးလုံးလျားလျား မချေဖျက်ခဲ့ပေ။ အမွေဆက်ခံသူ သက်စံရွှေပင်က ရမ်းဗြဲကျွန်းတွင် ဖခင်ကို ပုန်ကန်ခဲ့သည်။ နိုင်ငံတော်သည် ကျယ်ပြန့်စွာ တရားမဲ့မှုဒဏ်ကို ခံစားခဲ့ရပြီး ၁၇၈၂ ခုနှစ် ဇွန်လမှ ဇူလိုင်လတွင် ကျောက်ရောဂါနှင့် ကာလဝမ်းရောဂါများ ဖြစ်ပွားခဲ့သည်။
Remove ads
ကွယ်လွန်ခြင်း
စန္ဒသတိဿရာဇာသည် ၁၇၈၂ ခုနှစ် နိုဝင်ဘာလ ၂ ရက် စနေနေ ၊ မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက် မြောက်ဦးမြို့၌ နန်းသက် ၆ နှစ် အသက် ၅၅ နှစ်တွင် ကွယ်လွန်ခဲ့သည်။ စန္ဒသတိဿရာဇာ ကွယ်လွန်ပြီနောက် တူမ၏ခင်ပွန်းဖြစ်သူ မဟာသမ္မတ ထီးနန်း ဆက်ခံသည်။
ကိုးကား
ကျမ်းပြုစာစုစာရင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads