စန္ဒာမုနိစေတီ(မန္တလေး)

From Wikipedia, the free encyclopedia

စန္ဒာမုနိစေတီ(မန္တလေး)map
Remove ads

နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား သည် မန္တလေးတောင်ခြေတွင် တည်ရှိသော စေတီတော်နှင့် ရုပ်တုတော် တစ်ဆူ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၆၄-ခုနှစ်တွင် ဘိုးတော်ဘုရား(ခေါ်) ဗဒုံမင်းတရားသည် မင်းကွန်းစေတီတော် တည်နေချိန်၌ မင်းကွန်းအလယ်ကျွန်းတွင် သွန်းလုပ်တော်မူခဲ့သည်။ သံချိန် (၁၁၃၆၈)ပိဿာ ရှိသော စန္ဒာမုနိ ဘုရားရှင် ရုပ်ပွားတော်ကို ထုလုပ်ခဲ့သည်လို့ မှတ်တမ်းတွင် ရေးသားခဲ့သည်။ လဝန်းကဲ့သို့ အသရေတော်ရှိသဖြင့် စန္ဒာမုနိဟု အမည်တွင်သည်။[]

အချက်တိုများ နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား, အချက်အလက်များ ...

ထို့နောက် အမရပူရသို့ ပင့်ပြီး ပူဇော်ခဲ့ရာ ဘကြီးတော်ဘုရားလက်ထက်တွင် နန်းစိုက်ရာ အင်းဝသို့ ပင့်ဆောင်ခဲ့ပြီး ရွှေဘိုမင်းလက်ထက်တွင် အမရပူရသို့ ပြန်လည် ပင့်ဆောင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၂၉ တွင် မင်းတုန်းမင်းက ယာယီစံနေသော နန်းမြေဘုံသာ စံနန်းတော်ကို ဖျက်ကာ ညီတော် အိမ်ရှေ့ ကနောင်မင်းသားနှင့် သားတော်များ၏ အလောင်းများကို ဂူသွင်းကာ ဂူနှင့် ၂ တောင်အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်စေတီကို တည်ထားခဲ့ရာ စေတီကို စန္ဒာမုနိဘုရားဟု ခေါ်ဆိုခဲ့သည်။

မြန်မာသက္ကရာဇ် ၁၂၇၅ တွင် ရသေ့ကြီးဦးခန္တီ ဦးဆောင်ပြီး အဋ္ဌကထာနဲ့ ဋီကာ ကျောက်စာဂူပေါင်း ၅၀၈ ဂူ၊ ကျောက်စာချပ်ရေ ၁၅၂၄ ချပ်၊ ဓမ္မစေတီပေါင်း ၇၅၈ ကျောက်ချပ်ပေါင်း ၁၇၇၄ ချပ်ဖြင့် ပူဇော်ထားခဲ့သည်။[]

Remove ads

မင်းတုန်းမင်းလက်ထက် ဘုရားပွဲတော်

စန္ဒာမုနိဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှာ (၃)ရက်နေ့အထိ ပြုလုပ်လေ့ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads