စန္ဒာသူရိယမင်း

From Wikipedia, the free encyclopedia

Remove ads

အေဒီ ၁၄၆-၁၉၈ နှစ်အတွင်းတတိယဓညဝတီမင်းဆက်ကို တည်ထောင်ကာ ရခိုင်ဘုရင့်နိုင်ငံကို အုပ်ချုပ်ခဲ့သူကား စန္ဒသူရိယမင်း ပင်​ဖြစ်သည်။ မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်ခဲ့သဖြင့်ထိုမင်းလက်ထက်ရခိုင်ပြည်သည် ​အေးချမ်းသာယာဝ​ပြောခဲ့ပေသည်။ ထိုမင်းသည် မြန်မာနိုင်ငံရှိမြတ်စွာဘုရားရုပ်ပွားတော်များအနက် ထင်ရှားသော မဟာမုနိရုပ်ပွားတော်ကိုတည်ထားကိုးကွယ်ခဲ့သည်။[]

မဟာမုနိဘုရားကို တည်ထားကိုးကွယ်ခြင်း

နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်တုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်း၊ စန္ဒသူရိယမင်းကြီးအပါအဝင် တိုင်းသူပြည်သားတို့က ရွှေငွေရတနာတို့ကို ကျိုချက်၍ ဘုရားရှင်၏ ရှေ့တော်မှောက်တွင် ဉာဏ်တော်(၇)တောင်၊ (၂) မိုက်၊ (၂)သစ်ရှိ မဟာမုနိရုပ်ပွားတော်ကို အောင်မြင်စွာ သွန်းလုပ်ပြီးနောက် ဘုရားရှင်၏ ရင်ငွေ့တော်ကို ၇ ကြိမ်ခံယူလေသည်။ ရုပ်တုတော်အတွင်းပိုင်းသို့ ဂေါတမဗုဒ္ဓ၏ ရင်ငွေ့တော်ဓာတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့ဩကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထဝီမြေကြီး တုန်လှုပ်လာပြီး ရုပ်တုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမဗုဒ္ဓသည် သူ၏သာဝက ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားလေသည်။ ယင်းအချိန်အတွင်း ဘုရင် စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် ဗုဒ္ဓ၏စစ်မှန်သော ရုပ်တုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads