စန္ဒိမာဒိသုတ်

From Wikipedia, the free encyclopedia

Remove ads

[] အဋ္ဌမ၊ နဝမ၊ ဒသမသုတ်။

ဤသုတ်၌ “စန္ဒိမသုတ်၊ အာဒိစ္စသုတ်၊ ကာသိကဝတ္ထသုတ်”ဟု သုတ် သုံးသုတ် ပါရှိသည်။

နက္ခတ်, ကြယ်တာရာ အလင်းရောင်အပေါင်းတို့ထက် လရောင်သည် အလင်းဆုံးဖြစ်သကဲ့သို့လည်းကောင်း၊ သရဒရတုအခါ မိုးတိမ်ကင်းစင် ထက်ကောင်းကင်၌ နေရောင်သည် အမှောင်ပယ်ခွင်း အလင်းဆုံးဖြစ်သကဲ့သို့လည်းကောင်း၊ အဝတ်အထည်အားလုံးတို့ထက် ကာသိတိုင်းဖြစ် အဝတ်အထည်သည် အကောင်းဆုံး ဖြစ်သကဲ့သို့လည်းကောင်း၊ ကုသိုလ်တရားအားလုံးတို့ထက် အပ္ပမာဒ(သတိ)တရားသည် အမြတ်ဆုံးဖြစ်သည်။ အပ္ပမာဒရှိသောရဟန်းသည် ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေါဿဂ္ဂပရိဏာမိကဖြစ်သော အဋ္ဌင်္ဂိကအရိယာ မဂ်ကို ပွားများ၏။ ကြိမ်ဖန်များစွာ အလေ့အလာပြု၏-အစရှိသည်ဖြင့် အကျယ် ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads