စပင်

From Wikipedia, the free encyclopedia

စပင်
Remove ads

လည်အင် (အင်္ဂလိပ်: spin; စပင်န်) ဆိုသည်မှာ အခြေခံအမှုန်တို့၏ ကွမ်တမ် သဘောတရားဆိုင်ရာ လည်ဟုန်အသွင် တိုင်းဖွယ်တစ်မျိုး ဖြစ်၍ ၎င်းအမှုန်တို့၏ စုပေါင်းရလဒ် စုဖွဲ့အမှုန်များတွင်လည်း ရှိတတ်သော ပကတိသတ္တိတစ်မျိုး ဖြစ်သည်။ [][] သို့သော် ၎င်းလည်အင်(spin) ဟူသည် အမှုန်တို့၏ တကယ့်ဒြပ်ထုက လည်မွတ်နေသည့် သဘောဟုမူ မမှတ်သင့်ပါ။ ကွမ်တမ်သဘောတရားဖြင့်သာ တွက်ဆရသည့် ဗှတ္တာ တိုင်းဖွယ် တမျိုး ဖြစ်သည်။

Thumb
ပြထားသော အမှုန်မှာ နျူထရွန်ဖြစ်၏။ အနီမျဉ်းများမှာ သံလိုက်စက်ကွင်း ဖြစ်ပြီး အမည်းရောင်မြားက လည်အင်(spin)ကို ကိုယ်စားပြုထားသည်။

အီလက်ထရွန်၌ လည်အင်ဟူသော ကွမ်တမ်သတ္တိ ရှိနေကြောင်းကို စတရ်န်-ဂါးလာ့ချ် စမ်းသပ်ချက်မှ သိရှိကြရသည်။ အီလက်ထရွန် ပတ်လမ်းအားဖြင်း လည်ဟုန် မရှိသင့်သော ငွေအက်တမ်များကို စမ်းသပ်ခြင်း ဖြစ်ပေါ်လည်း တွေ့ရှိခဲ့ရသည့် လည်အင်သဘောသတ္တိ ဖြစ်သည်။[] ထို့ကြောင့် သင်္ချာတွက်ချက်မှုများဖြင့် ချိန်ညှိသောအခါ ပါအူးလီ ကန့်ပယ်စည်းမျဉ်း (Pauli Exclusion Principle) အရလည်း အီလက်ထရွန်၌ ထိုလည်အင်သတ္တိ ရှိလိုက်ကြောင်း အဖြေထွက်ပြီး လက်ခံစဉ်းစားလာကြခြင်းလည်း ဖြစ်သည်။

ကွမ်တမ်မက္ကင်းနစ် နှင့် အမှုန်ရူပဗေဒတွင် စပင် (သို့) လည်အင် (spin) ဆိုသည်မှာ အခြေခံ အမှုန်များဖွဲ့စည်းထားသော အမှုန်များ (ဟဒရွန်) နှင့် အက်တမ်ဗဟိုဆံများတွင် ရှိသည့် ထောင့်ပြောင်းအဟုန် ပုံစံတစ်မျိုးဖြစ်သည်။

လည်အင်(spin) ဆိုသည်မှာ ကွမ်တမ်မက္ကင်းနစ်တွင်ရှိသည့် ထောင့်ပြောင်းအဟုန် အမျိုးအစား နှစ်မျိုးမှ တစ်မျိုးဖြစ်သည်။ ကျန်တစ်မျိုးမှာ ပတ်လမ်းဆိုင်ရာ ထောင့်ပြောင်းအဟုန်ဖြစ်သည်။

စပင်တွင် တိကျသော ပမာဏရှိပြီး လားရာဘက်လည်းရှိ၍ ဗှတ္တာတိုင်းဖွယ် ကဲ့သို့ဖြစ်သည်။ သို့သော် သာမန် ဗှတ္တာ အတိုင်းအတာ၏ လားရာဘက်နှင့်တော့ ကွာခြားသည်။ အခြေခံအမှုန်များတွင် မည်သည့် အမျိုးတူ အမှုန်တွင်မဆို တူညီသော လည်အင် ထောင့်ပြောင်းအဟုန် ရှိသည်။

လည်အင်၏ နိုင်ငံတကာစံယူနစ်မှာ ရှေးရိုးထောင့်ပြောင်းအဟုန်ကဲ့သို့ပင် Joule-second ဖြစ်သည်။ သို့သော် လက်တွေ့တွင်မှု လည်အင်နံပါတ်ဟူသော ယူနစ်မရှိသည့် အတိုင်းအတာဖြင့် မှတ်သားဖော်ပြသည်။ ဝုဖ်ဂန်းပေါ်လီ သည် လည်အင်သဘောတရားကို ပထမဆုံး တင်ပြခဲ့သူ ဖြစ်သော်လည်း အမည်သတ်မှတ်ပေးခဲ့ခြင်း မရှိပါ။


Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads