စပေဋဒါနမုဒြာ
From Wikipedia, the free encyclopedia
Remove ads
ရိုက်ပုတ်ဟန်ဟု ခေါ်ပါသည်။

လက်တဖက်ကို ဖြန့်ကာ မြှောက်ချီပြီး လက်ဝါးဖြင့် ရိုက်ပုတ်တော့မည့်ဟန် ပြနေသည်ကို စပေဋဒါနမုဒြာဟု ခေါ်သည်။
ရက်စက်ကြမ်းကြုတ်သောသဘော, စိတ်ဆိုး မာန်ရှ ဖြစ်နေသည့် ဒေါသအရိပ်အရောင် ... လွှမ်းနေသည့်သဘောကို ဆောင်လေသည်။ ဖူးမြင်ရသူများအား ဆုံးမသွန်သင် ပြုပြင်လိုသောဆန္ဒ ရှိဟန် သဏ္ဌာန်ကို ဆောင်ပြထားသည်။ ခိုက်ရန်ငြင်းပွား အချင်းများနေကြသော မင်းများ, ရဟန်းများ, စစ်သည်တော်များ စသည့်ပုံများတွင် ဤ မုဒြာဖြင့် တွေ့ရတတ်သည်။ အနှစ်သာရအားဖြင့် မိဘဆရာများက သားသမီး တပည့်များအား မကောင်းမြစ်ထာ ကောင်းရာညွှန်ပြနေသော ဟန်ပန် မျိုး ဖြစ်ပေသည်။
သို့သော် အဘယမုဒြာနှင့် ကွဲပြား ထူးခြားချက် ရှိပေသည်။
ကရုဏာရသ, ဘယာနကရသ, ရုဒ္ဓရသတို့ကို ပေါ်လွင် ထင်ရှားစေသည်။
အာရတီ ဝိရတီ ပါပါ မင်္ဂလာ, ဝိနယသုသိက္ခိတမင်္ဂလာ, အတ္တသမ္မာပဏိဓိမင်္ဂလာ, ခန္တီမင်္ဂလာ, သောဝစဿတာမင်္ဂလာများနှင့် ပြည့်စုံစေရန် ရည်ညွှန်း ဆုံးမနေဟန်မျိုး ဖြစ်လေသည်။
သီလပါရမီ ခန္တီပါရမီ စခန်းသို့ ညွှန်ပြထားပေသည်။
ပုံစံအားဖြင့် အပရာဇိတာ၏ ရုပ်တုတွင် ဤ စပေဋဒါနမုဒြာကို တွေ့ရှိရသည်။ အာဠဝက ဘီလူးပုံများတွင်လည်း ဤ ဟန်ကို တွေ့ရှိရသည်။
စပေဋဒါနမုဒြာပါသော ရုပ်တုများကို မိဘဆရာ မင်းစိုးရာဇာများက သားသမီး တပည့် တပန်း လက်အောက် ငယ်သားများအား လိမ္မာရေးခြား ရှိစေရန်အတွက်၎င်း, အမြဲတစေ စည်းကမ်း သေဝပ်မှု တာဝန် ဝတ္တရားကျေပြွန်မှု ရှိစေရန်အတွက်၎င်း စီရင်ထုလုပ်ထားတတ် ကြသည်။ လိမ္မာ ရေးခြားရှိခြင်း, စည်းကမ်းသေဝပ်ခြင်း စသောအကျိုးတရားများကို ရရှိစေနိုင်သည်ဟု တန္တရာယာန ဂိုဏ်းဝင်များက ယုံကြည်ကြလေသည်။[၁][၂] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads