စမစ် ဒွန်း

ကာကွယ်ရေးဦးစီးချုပ်ဟောင်း From Wikipedia, the free encyclopedia

စမစ် ဒွန်း
Remove ads

ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) သတိုးမဟာသရေစည်သူ စမစ်ဒွန်း (၁၁ နိုဝင်ဘာ ၁၉၀၆ – ၁၉၇၉) သည် မြန်မာ့တပ်မတော်တွင် ၄ ဇန်နဝါရီ ၁၉၄၈ မှ ၁ ဖေဖော်ဝါရီ ၁၉၄၉ အထိ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[]လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ယခင်အခေါ် စစ်ဦးစီးချုပ်) ဖြစ်သည်။

အချက်တိုများ ဒုတိယဗိုလ်ချုပ်ကြီး သတိုးမဟာသရေစည်သူစမစ်ဒွန်း MC, အမည်ပြောင်(များ) ...
Remove ads

ငယ်စဉ်ဘဝ

ကရင်အမျိုးသား စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွေးဖွားခဲ့သည်။[]

စစ်မှုထမ်းဘဝ

၁၉၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် အိန္ဒိယစစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး အမှတ် ၁၀ တပ်ရင်း၊ အမှတ် ၂၀ ဘားမားရိုင်ဖယ်တပ်ဖွဲ့တွင် စတင် အမှုထမ်းခဲ့သည်။ လေ့ကျင့်သင်ကြားရေးပြီးနောက် အမှတ် ၂ တပ်ရင်း၊ အမှတ် ၂၀ ဘားမားရိုင်ဖယ်တပ်ဖွဲ့နှင့်အတူ ၁၉၃၀ မှ ၁၉၃၂ အတွင်း မြန်မာနိုင်ငံတွင် အမှုထမ်းခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်သိမ်းပိုက်ထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။ အရပ်အမောင်း ပုသေးသေးနှင့် အရပ် ၄ ပေသာသာ ရှိ၍ “ဗိုလ်မှူးကြီး လေးပေ (the Four-foot Colonel)” ဟုလည်း လူသိများသည်။ ဗိုလ်မှူးကြီး စမစ်ဒွန်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့အတွက် အသစ်ပြန်လည် ဖွဲ့စည်းတဲ့ မြန်မာတပ်မတော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နေ့ကစပြီး ၁၉၄၉ ဇန်နဝါရီလကုန်အထိ စစ်ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၄၉ ခုနှစ် ကရင်လူမျိုးများ ကိုယ်ပိုင်လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြသည့်အချိန်၌ ဗိုလ်ချုပ် စမစ်ဒွန်းကို တပ်မတော် ရာထူးများမှ ရပ်ဆိုင်းပစ်ခဲ့သည်။

ဗိုလ်ချုပ် စမစ်ဒွန်းသည် ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက် ဖြစ်သော်လည်း မြန်မာ့တပ်မတော်အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်းပီသသည့် ခေါင်းဆောင်တယောက် ဖြစ်သည်။ ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့သည်။ သူမကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့သည်။

Remove ads

ဘဝနိဂုံး

စမစ်ဒွန်းသည် ၁၉၇၉ ခုနှစ် ရှမ်းပြည်နယ် ကလောမြို့၌ ကွယ်လွန်သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း

နိုင်ငံတော်မှနေ၍ သတိုးမဟာ သရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခံရသူဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads