စာပေဆိုင်ရာ နိုဘယ်ဆု

From Wikipedia, the free encyclopedia

စာပေဆိုင်ရာ နိုဘယ်ဆု
Remove ads

စာပေဆိုင်ရာ နိုဘယ်ဆု သည် ဆွီဒင်နိုင်ငံမှ ချီးမြှင့်သော စာပေဆု တစ်ခုဖြစ်ပြီး ၁၉၀၁ ခုနှစ်မှစ၍ နှစ်စဉ် ပေးအပ်ခဲ့သည်။ မည်သည့်နိုင်ငံက စာရေးဆရာ မဆို ရရှိနိုင်ပြီး ဆွီဒင် စက်မှုလုပ်ငန်းရှင် အဲလ်ဖရက် နိုဘယ်၏ သေတမ်းစာအရ "စာပေနယ်ပယ်တွင် အကောင်းဆုံးလမ်းပြ၍ အပြောင်မြောက်ဆုံး လက်ရာ" ကို ဖန်တီးနိုင်သူ ကို ပေးအပ်ခြင်း ဖြစ်သည်။ [][] လက်ရာတစ်ခုချင်းစီကို အသိအမှတ်ပြုစရာ အဖြစ် ရည်ညွှန်းလေ့ရှိသော်လည်း ဆုသည် စာရေးဆရာ၏ ဖန်တီးမှုအားလုံးကို ခြုံငုံ၍ ပေးအပ်ခြင်း ဖြစ်သည်။ ဆွီဒင်အကယ်ဒမီမှ မည်သူ ဆုရရှိမည်ကို ဆုံးဖြတ်လေ့ ရှိသည်။ အကယ်ဒမီသည် ဆုရရှိသူအား အောက်တိုဘာလ အစောပိုင်းတွင် ကြေညာလေ့ ရှိသည်။ ထိုဆုသည် ၁၈၉၅ ခုနှစ်၌ အဲလ်ဖရက် နိုဘယ် စတင်ခဲ့သော နိုဘယ်ဆု ၅ခု အတွင်းမှ တစ်ခု ဖြစ်သည်။

အချက်တိုများ စာပေဆိုင်ရာ နိုဘယ်ဆု Nobel Prize in Literature, ဆုတံဆိပ်ပေးအပ်သူ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads