စိန့်ပီတာ

ယေရှု၏ တစ်ကျိပ်နှစ်ပါးသော သာဝကများမှ တစ်ပါး From Wikipedia, the free encyclopedia

စိန့်ပီတာ
Remove ads

စိန်ပီတာ (ရှင်ပေတရု)သည် ယေရှု၏ တစ်ကျိပ်နှစ်ပါး သော တပည့်တော်တို့တွင် အထင်ရှားဆုံး တပည့်တော်ဖြစ် သည်။ ဓမ္မသစ်ကျမ်းတွင် စိန်ပီတာကို ဆိုင်မွန်(ရှိမုန်) ဟူ၍ ၎င်း၊ ဆိုင်မွန်ပီတာ (ရှိမုန်ပေတရု) ဟူ၍လည်းကောင်း၊ ကေဖဟူ၍လည်းကောင်း အမည်အမျိုးမျိုးဖြင့် ဖော်ပြထားသည်ကိုလည်းတွေ့ရသည်။ ပီတာ၏ ငယ်စဉ်ဘဝကို မသိရသော်လည်း ကပါနေယမ် (ကပေရနောင်)မြို့တွင် ယောက်ခမ၏ အိမ်၌ ညီဖြစ်သူ အင်ဒရူး (အန္ဒြေ)နှင့်အတူ တံငါအလုပ်ဖြင့် အသက်မွေးသည် ဟူ၍ကား သိရှိရသည်။

Thumb
စိန့်ပီတာ

ယေရှုသည် ဂယ်လီလီ(ဂါလိလဲ) အိုင်ထဲ၌ ပိုက်ချနေကြ သော ပီတာနှင့် သူ၏ညီ အင်ဒရူးတို့ကို မြင်လေလျှင်၊ 'ငါ့ နောက်သို့ လိုက်ကြလော့၊ သင်တို့သည် လူကိုဖမ်းသော တံငါ ဖြစ်စေခြင်းငှာ ငါပြုမည်'ဟု မိန့်သဖြင့် သူတို့သည် ပိုက်ကွန် များကို စွန့်၍ ယေရှု၏နောက်သို့ လိုက်ပါသွားကြ၏။

ပီတာသည် စိတ်လိုက်မာန်ပါပြုလုပ်တတ်သည်။ တပည့် တော်တို့တွင် ယေရှုနှင့် အရင်းနှီးဆုံး တပည့်တော်တစ်ပါးဖြစ် သဖြင့် နောက်လိုက်တပည့်များကို စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်ကိုလွှဲအပ်ခြင်း ခံရသူဖြစ်သည်။ ထို့ကြောင့် ပီတာသည် ပါလက်စတိုင်းပြည်တွင်လှည့်လည်၍ ဆင်းရဲဒုက္ခခံလျက် ခရစ် ယာန်အယူဝါဒကို ဟောပြောခဲ့သည်။ ရောမမြို့တွင်လည်း သာသ နာပြုခဲ့ဘူးသည်ဟုဆိုသည်။ ဗရင်ဂျီဂိုဏ်းဝင်တို့က စိန်ပီတာ အား ရောမမြို့၏ ပထမဂိုဏ်းအုပ်ဘုန်းကြီးအဖြစ်၎င်း၊ ပထမ ပုပ်ရဟန်းမင်းကြီးအဖြစ်၎င်း၊ အသိအမှတ် ပြုထားကြသည်။

စိန်ပီတာသည် ရောမဘုရင် နီးရိုးလက်ထက်တွင် အဖမ်းခံ ရပြီးနောက် ကားစင်တင်၍အသတ်ခံရသည်ဟု အချို့ကဆိုသည်။ အချို့ကလည်း အသက်အရွယ်ကြီးရင့်လာသဖြင့် အိုမင်းမစွမ်း ဖြစ်၍ အနိစ္စရောက်သည်ဟု ဆိုသည်။ ဓမ္မသစ်ကျမ်းတွင် စိန်ပီ တာရေးခဲ့သော ဩဝါဒစာ ၂ စောင်ကိုတွေ့ရှိနိုင်သည်။ ရောမမြို့တွင် စိန်ပီတာအားရည်စူး၍ ဆောက်လုပ်ထား သော ဘုရားရှိခိုးကျောင်းကြီးကို၎င်း၊ ထိုကျောင်းအတွင်း၌ စိန်ပီတာ၏ ကြေးရုပ်တုကြီးကို၎င်း တွေ့မြင်နိုင်ပေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads