စိန့် ဆာဗင် ဆာ ဂတ်တန် ခရစ်ယာန်ဘုန်းကြီးကျောင်း

From Wikipedia, the free encyclopedia

စိန့် ဆာဗင် ဆာ ဂတ်တန် ခရစ်ယာန်ဘုန်းကြီးကျောင်း
Remove ads

စိန့် ဆာဗင် ဆာဂတ်တန် ခရစ်ယာန်ဘုန်းကြီးကျောင်း သည် ပြင်သစ်နိုင်ငံ ပွိုင်တိုးပြည်နယ်ရှိ စိန့် ဆာဗင် ဆာဂတ်တန်မြို့တွင် တည်ရှိသော ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်း တစ်ကျောင်းဖြစ်သည်။

အချက်တိုများ စိန့် ဆာဗင် ဆာ ဂတ်တန် ခရစ်ယာန်ဘုန်းကြီးကျောင်း*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
Remove ads

အကြောင်းအရာ

ရိုမန်နပ်စ် ဗိသုကာပုံစံ ဘုရားရှိခိုးကျောင်းအား ၁၁ ရာစု အလယ်ပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၁ ရာစုနှင့် ၁၂ ရာစု လက်ရာ လှပသော နံရံဆေးရေးပန်းချီများ အများအပြား ပါဝင်ကာ ထိုနံရံဆေးရေး ပန်းချီများမှာ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့် အခြေအနေ ရှိသည်။ ၁၉၈၃ ခုနှစ်မှစ၍ ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင်ခဲ့သည်။

လက်ဝါးကပ်တိုင်ပုံရှိသော ဘုရားရှိခိုးကျောင်းတွင် စတုရန်းပုံ မျှော်စင်သည် ကန့်လန့်ဖြတ်နေရာ၏ အပေါ်တွင် ရှိသည်။ ဖြတ်မင်းလမ်း(transept) အား ဦးစွာတည်ဆောက်ခဲ့ပြီး ခွိုင်ရာ (choir) နှင့် ၎င်းအား ဝိုင်းပတ်ထားသော ဝတ်ပြုဆောင် ၅ ခုအား ထောင့်ကျကျ စက်ဝိုင်းခြမ်းပုံ အဟိုက်ထဲတွင် တည်ဆောက်ခဲ့သည်။ နောက်တဆင့်တွင့် အကန့်သုံးကန့်ရှိသော လူပုဂ္ဂိုလ်တို့ ထိုင်ရာ အဆောင် (nave) ကို တည်ဆောက်ခဲ့ပြီး ခေါင်းလောင်းမျှော်စင်နှင့် ဆင်ဝင်တို့ကို တည်ဆောက်ခဲ့ကာ နောက်ဆုံးအဆင့်တွင် လူပုဂ္ဂိုလ်တို့ ထိုင်ရာ အဆောင် ၆ ကန့်ကို ထပ်မံ တည်ဆောက်ခဲ့သည်။ ခေါင်းလောင်းမျှော်စင်အား ကျောက်တုံးချောများဖြင့် တည်ဆောက်ခဲ့ပြီး အချွန်မှာ ၈၀ မီတာမြင့်ကာ ၁၄ ရာစုတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉ ရာစုတွင် ပြန်လည်တည်ဆောက်ခဲ့သည်။

စည်ပိုင်းပုံရှိသော အမိုးခုံးများရှိသည့် လူပုဂ္ဂိုလ်တို့ ထိုင်ရာ အဆောင်အား လက်ရာပြောင်မြောက်စွာ ခြယ်မှုန်းထားပြီး ထိပ်ဆုံးတွင် သစ်ရွက်ပုံ တိုင်အုပ်ရှိသည့် တိုင်လုံးများဖြင့် ထောက်ကန်ထားသည်။

ဘုရားရှိခိုးကျောင်း၏ အောက်တွင် အာဇာနည်ညီအစ်ကိုဖြစ်သော စိန့်ဆာဗင် နှင့် စိန့် ခရစ်ပီယံတို့ကို မြှုပ်နှံရာ အခန်းရှိပြီး သူတို့၏ ဘဝကို ဖော်ပြထားသော အင်္ဂတေပန်းချီများဖြင့် တန်ဆာဆင်ထားသည်။

Remove ads

ဓာတ်ပုံပြခန်း



ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads