စိုင်းခမ်းသီ
From Wikipedia, the free encyclopedia
Remove ads
စိုင်းခမ်းသီသည် မြန်မာနိုင်ငံသား၊ ရှမ်းလူမျိုး တေးရေးဆရာ၊ အဆိုတော်တစ်ယောက်ဖြစ်သည်။ ၁၉၅၇ခုနှစ်တွင်ဖွာမြင်ခဲ့ပြီး တေးပြုစာဆိုဒေါက်တာစိုင်းခမ်းလိတ်၏ညီငယ်ဖြစ်သည်။ သဘာဝရဲ့ရင်သွေးငယ်များ (The Wild Ones)၏ အစောဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ တီးဝိုင်း၏အစောပိုင်းခုနှစ်များတွင် ဒရမ်တီးခတ်သည်။ ၁၉၇၆ ခုနှစ်ခန့်တွင်ထွက်ရှိလာခဲ့သော စိုင်းထီးဆိုင်၏ နန်းခမ်းနွဲ့အတွက်သီချင်းတစ်ပုဒ် တေးစီးရီးတွင် စိုင်းခမ်းလိတ်ရေးစပ်သော အပြာရောင်မျက်ရည် သီချင်းဖြင့်ဂီတလောကတွင်နေရာတစ်ခုရယူနိုင်ခဲ့ပြီး စိုင်းခမ်းသီ(အပြာရောင်မျက်ရည်) ဟုပင်နာမည်ကြီးခဲ့သည်။ ကြားလူဖျက်လို့ပျက်မှာစိုး၊ မင်းဝမ်းသာတော့ ဟူသောတေးစီးရီးများကိုလည်းထုတ်လုပ်ခဲ့သည်။ စိုင်းထီးဆိုင်၏အစောပိုင်း တေးစုများတွင်လည်း စောသိမ်းဝင်း(the wild ones) နှင့်အတူ ပါဝင်သီဆိုအားဖြည့်လေ့ရှိသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ကျောင်းဆရာအလုပ်ကိုလည်းလုပ်ကိုင်ခဲ့သည်။
စိုင်းခမ်းသီ သည် စောဂျက်ဆင် (ခ) ဂျက်ဆင်သန်းဖေ (The Wild Ones) နှင့်အတူ မန္တလေးတက္ကသိုလ်တွင် စိုက်ပျိုးရေးမေဂျာ ကိုသင်ယူခဲ့သည်။ စာပေကိုပုံမှန်ထူးချွန်သူတစ်ဦးဖြစ်သော်လည်း ဂီတဘက်သို့အလေးပေးလွန်းသဖြင့် ပထမနှစ်ကျခဲ့သည်။
စိုင်းခမ်းသီသည် စောဂျက်ဆင်၊ စောဂျော်နီ၊ သူငယ်ချင်းတစ်စုနှင့်အတူ ၁၉၇၂ ခုနှစ်တွင် Highlenders တီးဝိုင်းကို ဖွဲ့စည်းခဲ့သည်။ စော်ဂျော်နီက ဘေ့စ်ဂီတာ၊ စောဂျက်ဆင်က လိဒ်ဂစ်တာ၊ ခမ်းသီက ဒရမ် တီးခတ်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ စောသိမ်းဝင်း၊ ခွန်မျိုးလွင် တို့သူငယ်ချင်းတစ်စု၏ The Outsiders တီးဝိုင်းနှင့် The Highlanders တီးဝိုင်း ပေါင်းဖွဲ့ကာ The Wild Ones ၊ သဘာဝရဲ့ရင်သွေးငယ်များ တီးဝိုင်းကို ဖွဲ့စည်းခဲ့သည်။ တီးဝိုင်းအမည်ကို စိုင်းခမ်းလိတ်မှပေးထားခြင်းဖြစ်ပြီး အနက်မှာ "သဘာဝလောကထဲ၌ ရောင့်ရဲတင်းတိမ်မှုကိုရယူလိုကြသော လူငယ်များ" ဖြစ်သည်။
စိုင်းခမ်းသီသည် The Wild Ones တေးဂီတအဖွဲ့အား နိုင်ငံကျော်တီးဝိုင်းအဖြစ်သို့ တွန်းပို့ပေးခဲ့သည့် ပျောက်ဆုံးသောနိဗ္ဗာန်ဘုံ (သို့) မန္တလေးရောက်ရှမ်းတစ်ယာက် တေးစီးရီးတွင်ပါဝင်သီဆိုခြင်းမှအစပြု၍ နိုင်ငံကျော်အဆိုတော်အဖြစ်သို့ရောက်ရှိခဲ့သည်။
နေရာတိုင်းမှာ၊ ချစ်ကေ့စ်(ဆရာမ)၊ ညှာတာပါဆောင်း၊ အညာနွေ၊ အပြာရောင်မျက်ရည်၊ နမ်းခမ်းနွဲ့အတွက်သီချင်းတစ်ပုဒ်၊ သန်းခေါင်ထက်နက်တဲ့ည၊ ချစ်သူလမ်းကြား၊ ကြားလူဖျက်လို့ပျက်မှာစိုး စသည့် ထင်ရှားသောသီချင်းများစွာကို သီဆိုခဲ့သည်။ မောင့်အရိုင်းပန်း၊ သွန်းမျက်ရည်မိုး၊ အစားထိုးမရတဲ့ဆုံးရှုံးမှု၊ ဥတ္တရလေ စသည်ဖြင့်နာမည်ကြီးသီချင်းပေါင်းများစွာကိုရေးစပ်ခဲ့သူဖြစ်သည်။
၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ကွယ်လွန်သည်။ ကွယ်လွန်ပြီးနောက်ပိုင်းတွင် သူရေးစပ်ခဲ့သောသီချင်းများ၊ သူ၏နာမည်ကျော်သီချင်းများကို စုစည်း၌ သူငယ်ချင်းဖြစ်သူ စိုင်းထီးဆိုင်မှ မောင့်အရိုင်းပန်း အမည်ရှိ စိုင်းခမ်းသီအမှတ်တရတေးစုကို ထုတ်လွှင့်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads