စိုးမြတ်နန္ဒာ

From Wikipedia, the free encyclopedia

Remove ads

စိုးမြတ်နန္ဒာ (၁၅ ဒီဇင်ဘာ ၁၉၇၉ မွေးဖွား) သည် မြန်မာ အမျိုးသမီး သရုပ်ဆောင် ဖြစ်သည်။

ငယ်ဘဝ

၁၉၇၉ ခု၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဗိုလ်မှူး စိုးမြင့်၊ ဒေါ်ကြည်ကြည်ခင်တို့မှ မွေးသည်။ မွေးချင်း ၄ ယောက်အနက် တတိယမြောက် ဖြစ်သည်။ ညီအစ်မများဖြစ်သည့် စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ တို့သည်လည်းကောင်း၊ ညီမဝမ်းကွဲများဖြစ်သည့် စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင် တို့သည်လည်းကောင်း အနုပညာသည်များ ဖြစ်သည်။ ငယ်အမည်မှာ ဒါဒါ ဖြစ်သည်။

အထက်တန်းကို အထက (၂) ဗဟန်း တွင် တက်သည်။

အနုပညာ လှုပ်ရှားမှု

ကျော်ဟိန်း၊ နေဆန်း ပါဝင်သော ကံကောင်းလို့ ဗီဒီယိုတွင် ပါဝင်ကာ အနုပညာနယ်သို့ ရောက်လာသည်။ ချစ်လိုက်တော့ ဝမ်းတူးသရီး မှာ ပထမဆုံး ရုံတင်ဇာတ်ကား ဖြစ်သည်။

ပါဝင်သော ဇာတ်ကားများ

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, ရုံတင်နှစ် ...

မိသားစုဘဝ

အဆိုတော် ဖြိုးကြီးနှင့် လက်ထပ်ရာ သားတစ်ယောက်ရသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads