စိုးဝင်း (ဒေါက်တာ)
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
ဒေါက်တာ စိုးဝင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။
Remove ads
စစ်မှုထမ်းခြင်း
ဗိုလ်ချုပ် စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ဖြစ်ခဲ့သည်။[၂] သူသည် ဗိုလ်ချုပ်အဆင့်ဖြင့် အနားယူခဲ့ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျန်းမာရေးကို အနီးကပ်တာဝန်ယူခဲ့သူဖြစ်သည်။[၃][၄]
ဝန်ကြီးဘဝ
ဒုတိယဝန်ကြီး
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၅၇/၂၀၂၂ ဖြင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ [၅]
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၅/၂၀၂၃ ဖြင့် ဒေါက်တာ စိုးဝင်း အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွေ့ခံရသည်။[၆]
ပြည်ထောင်စုဝန်ကြီး
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၆၁/၂၀၂၃ ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ရာ ဒေါက်တာစိုးဝင်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ [၇]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် လူကယ်ပြန်ဝန်ကြီး ရာထူးကို ဆက်လက် ခန့်အပ်ခံရသည်။ [၈]
Remove ads
ဂုဏ်ပြုခံရခြင်း
၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၆ ဖြင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဇေယျာကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။ [၉]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads