စိုးသူ

ဗမာ့လူထုခေါင်းဆောင်၊ သရုပ်ဆောင်၊ အဆိုတော်၊ သမားတော် From Wikipedia, the free encyclopedia

Remove ads

စိုးသူသည် အကယ်ဒမီဆုရ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် တစ်ဦးဖြစ်သည်။ တကိုယ်တော် စီးရီး ၁၁ ခွေမျှ ထုတ်ဝေခဲ့ပြီး ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်၊ ဗွီဒီယို ဇာတ်ကားပေါင်း ၂၀၀ ကျော်ကို ရိုက်ကူးခဲ့သည်။

အချက်တိုများ စိုးသူ, မွေးဖွား ...
Remove ads

ကိုယ်ရေးကိုယ်တာ

၁၉၆၅-ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် တောင်တွင်းကြီးမြို့၌ မွေးဖွားသည်။[][] အဖ ဦးခင်မောင်လွင်(ဆည်မြောင်းတိုင်းဦးစီးမှူး)နှင့် အမိ ဒေါ်ခင်သူဇာ(ဗဟိုတရားရုံးရှေ့နေ)တို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ စိုးသူလွင် ဖြစ်သည်။ ငယ်နာမည်မှာ ကိုကိုလွင် ဖြစ်သည်။ [] မွေးချင်း ၃ ယောက် ရှိပြီး အစ်မတစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။[]

အနုပညာလှုပ်ရှားမှု

ဒါရိုက်တာ၊ စာရေးဆရာ ကျော်နိုင်၏ နံ့သာလူးချိန်၊ ပန်းဖူးချိန် ဇာတ်ကားနှင့် ပိတ်ကားပေါ် ရောက်ရှိခဲ့သော်လည်း ၁၉၈၃ ခုနှစ်တွင် မိုက်ကြွေးမိုက်ပြစ် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အနုပညာလောကသို့ တရှိန်ထိုး နာမည်ကြီးလာခဲ့သည်။ ထိုကားတွင် ခိုင်ခင်ဦးနှင့် တွဲဖက်ရိုက်ကူးခဲ့သည်။ ပထမဆုံး တကိုယ်တော် တေးစီးရီးခွေ ရည်းစားလေး အချစ်ရဲ့မှတ်တမ်း အား ၁၉၈၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။[]

အားကစားအနေဖြင့် ရေကူး၊ စက်ဘီးစီး၊ စကိတ်စီး၊ ဂျူဒို၊ ကရာတေးတို့လည်း ဝါသနာပါသူ ဖြစ်သည်။

Remove ads

အလုပ်အကိုင်

အနုပညာလောကမှ ခေတ္တ အနားယူပြီးနောက် အမေရိကန်ပြည်ထောင်စု Southern Maryland Hospital နှင့် Washington Hospital Center တို့တွင် ဆရာဝန် အဖြစ် တာဝန်ထမ်းခဲ့သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads