စီဒီအမ်အေ
From Wikipedia, the free encyclopedia
Remove ads
စီဒီအမ်အေ (CDMA or Code Division Multiple Access) ဆိုသည်မှာ အမျိုးမျိုးသော ရေဒီယိုဆက်သွယ်ရေး နည်းပညာများတွင် အသုံးပြုသော ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်း တစ်ခု(Channel Access Method) ဖြစ်သည်။ လက်ကိုင်တယ်လီဖုန်းများတွင် အသုံးပြုသောသော CDMAOne နှင့် CDMA2000 စံနှုန်းများကို စီဒီအမ်အေဟု ခေါ်ဝေါ်လေ့ရှိကြသော်လည်း အမှန်မှာ ထိုစံနှုန်းများ၌ စီဒီအမ်အေ ဝင်ရောက်သုံးစွဲနည်းကို အောက်ခံအနေဖြင့် အသုံးပြုထားခြင်းမျှသာဖြစ်သည်။
အချက်အလက်ဆက်သွယ်ရေး (Data Communication)၏ အခြေခံသဘောတရားတစ်ခုမှာ ထုတ်လွှင့်စက် အချို့ကို ဆက်သွယ်ရေးချယ်နယ်တစ်ခုအတွင်းတွင် တစ်ပြိုင်တည်းထုတ်လွှင့်ခွင့်ပေးခြင်းဖြစ်သည်။ဤသဘောတရားကို အသုံးချခြင်းအားဖြင့် အသုံးပြုသူအချို့အနေဖြင့် ဆက်သွယ်ရေးချယ်နယ်အတွင်း ရရှိနိုင်သော ကြိမ်နှုန်းများ ၏ လေလှိုင်းပမာဏ (Bandwidth) ကို ဝေမျှသုံးစွဲနိုင်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads