စီပီယူ
ကွန်ပျူတာ တလုံး၏ ဦးနှောက်ဟုလည်းတင်စားခေါ်ဝေါ်ကြသည်။ စီပီယူ အနိမ့်အမြင့် generation လိုက်၍လည်း စွ From Wikipedia, the free encyclopedia
Remove ads
စီပီယူ (CPU) သည် ကွန်ပျူတာတွင် ပါရှိသော ကိရိယာတစ်ခုဖြစ်သည်။ လျှပ်စီးပတ်လမ်း စနစ်တစ်ခု ဖြစ်သည်။ CPU ၏ အရှည်မှာ central processing unit ဖြစ်သည်။ ဗဟိုတွက်ချက်မှုများကို စီပီယူသည် လုပ်ဆောင်သည်။ လုပ်ဆောင်မှုများတွင် ဂဏန်းသင်္ချာတွက်ချက်မှုများ၊ ကွန်ပျူတာကို ထိန်းချုပ်ခြင်း၊ အဝင် (input) အထွက် (output) လုပ်ဆောင်မှုများ၊ ဆင်ခြင်တွက်ချက်ခြင်း (logical) စသည်တို့ကို ညွှန်ကြားချက်များ (instructions) အတိုင်းလုပ်ဆောင်သည်။ အနည်းဆုံး ၁၉၆၀ ခုနှစ်များအစောပိုင်းကတည်းက Central Processing Unit ဟူသော ဝေါဟာရကို ကွန်ပျူတာနယ်ပယ်တွင် သုံးစွဲခဲ့သည်။[၁] စီပီယူသည် ပရော်ဆက်ဆာ (processor) ကို ရည်ညွှန်းခြင်းဖြစ်သည်။
အချိန်ကာလကြာသည်နှင့်အမျှ စီပီယူများ၏ ပုံသဏ္ဌာန်နှင့် ဒီဇိုင်း မှာ ကွဲပြားသွားသည်။ သို့သော် အခြေခံလုပ်ဆောင်ချက်များ အားလုံးနီးပါးမှာ ပြောင်းလဲမှု မရှိပေ။ စီပီယူတွင် ALU (arithmetic logic unit) နှင့် Control Unit တို့ အဓိကပါဝင်သည်။ ခေတ်သစ် စီပီယူအများစုသည် မိုက်ခရို ပရော်ဆက်ဆာများ ဖြစ်ကြသည်။ ၎င်းတို့တွင် IC (integrated circuit) Chip တစ်ခုသာ ပါဝင်သည်။
အချို့ကွန်ပျူတာများသည် multi-core processor ကို အသုံးပြုထားကြသည်။ ၎င်းတွင် စီပီယူ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော chip ကို အသုံးပြုသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads